bap-logo
Data

ရခိုင်တိုက်ပွဲ နှစ်လအတွင်းမှာ အရပ်သား ၈၁ ဦး သေဆုံးခဲ့

KuVhqNuhtl3_UWnUG2s5y-image

လွန်ခဲ့သော တစ်နှစ် က

ဇန်နဝါရီ ၁၉။

 

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကနေ အခုနှစ် ဇန်နဝါရီ ၁၃ ရက်အထိ အရပ်သား ၈၁ ဦး သေဆုံးခဲ့တယ်လို့ ရက္ခိုင့်တပ်တော်- ULA/AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး- HDCO က ထုတ်ပြန်ပါတယ်။

 

နှစ်လကြာမြင့်နေပြီဖြစ်တဲ့ တိုက်ပွဲတွေအတွင်းမှာ နောက်ထပ် ထိခိုက်ဒဏ်ရာရသူ ၂၆၀ နဲ့ ဖမ်းဆီးခံရသူ ၂၇၇ ဦး ရှိခဲ့တယ်လို့လည်း HDCO က ဖော်ပြထားပါတယ်။

 

သေဆုံးသူတွေထဲမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် သေဆုံးရသူ ၅၀ ဦး၊ လက်နက်ငယ်ကြောင့် ၁၈ ဦး၊ ဒရုန်းကြောင့် ခုနစ်ဦး၊ ရေတပ်က ပစ်ခတ်မှုကြောင့် သုံးဦး၊ လေကြောင်း တိုက်ခိုက်မှုကြောင့် နှစ်ဦး၊ မိုင်းပေါက်ကွဲမှုကြောင့် တစ်ဦး ဆိုပါတယ်။

 

သေဆုံးသူ အများစုဟာ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်တို့က အများဆုံး ပါဝင်နေပါတယ်။

 

စစ်ကောင်စီတပ်ရဲ့ ခမရ (၅၆၆) ခမရ (၅၆၅) ခမရ (၅၄၈) ခမရ (၅၃၉) ခမရ (၅၃၇) ခမရ (၃၈၀) ခမရ (၃၇၇) ခမရ (၃၇၆) ခမရ (၃၄၄) (၂၃၄) ခမရ (၂၁၀) ခမရ (၂၀၉) ခမရ (၂၀၆) ခမရ (၁၄၄) စတဲ့ တပ်တွေ၊ အမြောက်တပ်တွေ၊ ရဲတွေနဲ့ ရေတပ်ကနေ ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။

 

ရခိုင်ပြည်နယ်ထဲက အိန္ဒိယနယ်စပ်နဲ့ ထိစပ်နေပြီး စစ်ရေးအရောရော ကုန်သွယ်ကူးသန်းမှုအပိုင်းမှာပါ အရေးပါတဲ့ ပလက်ဝမြို့ကိုတော့ ရက္ခိုင့်တပ်တော်- AA က ဇန်နဝါရီ ၁၃ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

ဓါတ်ပုံ- AA Info Desk

 

ပုံစာ- စစ်ကောင်စီလက်နက်ကြီးကြောင့် ပျက်စီးခဲ့တဲ့ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုပြတိုက်

 

Burma Associated Press

Rakhine
conflict
Operation 1027
died
civilian

Share With
bap-logo