bap-logo
Politics

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကိုးတောင်ဘို့စျေး မီးလောင် ပြာကျ

vfyi9fL7ESwHQ-pamdq4n-image

လွန်ခဲ့သော ၂ နှစ် က

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၉။

 

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်၊ ကိုးတောင်ဘို့စျေးအား စစ်ကာင်စီတပ်က လက်နက်ကြီး၊ လေယာဉ်အချက်ပြ မီးကျည်တို့ဖြင့် ပစ်ခတ်ခဲ့ရာ စျေးတစ်ခုလုံး မီးလောင်ပြာကျ ခဲ့ကြောင်း သိရသည်။

"မနေ့ညက တိုက်ပွဲကြောင့် ကိုးတောင်ဘို့စျေးမီးလောင်ပြီးပြာကျသွားခဲ့ပါတယ်။ ကိုးတောင်ဘို့စျေး ကြီးကို ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့ဝင်တွေက (လုံးဝ)မီးရှို့ခဲ့ခြင်းမရှိပါ။ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ၊ လက်နက်ကြီးအပါအဝင်၊ အလင်းရောင်ရစေရန် လေယာဥ်အချက်ပြမီးကျည် တရစပ်ပစ်လို့ ဘူတာနားနဲ့ စျေးအနီးတဝိုက်မှာ ကျပြီး မီးလောင်ခဲ့တာဖြစ်ပါတယ်" ဟု KTB-R Teamမှ ပြောသည်။

 

ယင်းကိုးတောင်ဘို့နယ်‌‌မြေတွင် ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ဖြစ်ပွား‌နေပြီး၊ လူဦးရေ သောင်းဂဏန်းရှိ ပြည်သူများ စစ်ဘေးရှောင်နေရသည်မှာ ၈ လ ကျော်ထိ ကြမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ- ပေးပို့ (လက်နက်ကြီးကြောင့် မီးလောင်ပြာကျသွားသော ကိုးတောင်ဘို့စျေးအား မြင်တွေ့ရပုံ)

 

Burma Associated Press

 

SAC
kanbalu
Artillery
Sagaing
fire broke out

Share With
bap-logo