bap-logo
Politics

ဆီဆိုင်မြို့ ထမ်းယံတိုင်ရွာမှာ စစ်တပ်နဲ့ PNLA တိုက်ပွဲဖြစ်

v7XZpEf6lhY6xyvrKEolA-image

လွန်ခဲ့သော တစ်နှစ် က

ဇွန် ၁၉။

 

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသ ထမ်းယံတိုင်ကျေးရွာအနီးမှာ စစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သုံးဦးသေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLA ဆီက သိရပါတယ်။

 

ဇွန်လ ၁၈ရက်မနက် နာရီကနေ ၁၁ နာရီထိ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနဲ့လက်အောက်ခံ ပြည်သူ့စစ်တွေက ထမ်းယံတိုင်ရွာအနီးမှာတပ်စွဲနေထိုင်နေကြတယ်လို့ ပြောပါတယ်။

 

ဒါ့အပြင် စာသင်ကျောင်းတွေမှာ တပ်စွဲနေထိုင်တာကြောင့် ကလေးတွေပညာသင်ယူရမယ့် အခွင့်အရေး ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။

 

စစ်ကောင်စီနဲ့လက်အောက်ခံ ပြည်သူ့စစ်တွေက ပြည်သူတွေကို တောင်ယာထဲမှာ တွေ့ခဲ့ရင်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်လို့ သတ်မှတ်ကာ ပစ်သတ်မယ်လို့ ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။

 

"ခုစိုက်ပျိုးရေးရာသီဖြစ်ပေမယ့် လူတွေကမစိုက်ရဘူး၊ အရဲစွန့်စိုက်တဲ့သူ တဦးစနှစ်ဦးစပဲတွေ့ရတယ်၊ ရွာထဲကလူတွေလည်း မြို့တက်ပြီးပစ္စည်းမဝယ်ရဲကြတာတွေဖြစ်နေတယ်"လို့ ဆီဆိုင်မြို့ခံတဦးကပြောပါတယ်။

 

လက်ရှိအချိန်ဟာ စိုက်ပျိုးရာသီဖြစ်ပေမဲ့ ပြည်သူ​​တွေ စိုက်ပျိုးရေးလုပ်ငန်းခွင် ဝင်ရောက်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

 

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)နဲ့မဟာမိတ်တပ်တွေဟာ ၂၀၂၄ခုနှစ် ဇန်နဝါရီ ၂၁ ရက်ကနေ ဇွန် ၁၇ ရက်အထိ တိုက်ပွဲ ၁၂၆ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄၀၀ ထက်မနည်းသေဆုံးခဲ့ကာ ဗိုလ်မှူးအဆင့် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦး နီးပါးကို ဖမ်းဆီးရရှိခဲ့တယ်လို့(PNLA)က ထုတ်ပြန်ထားပါတယ်။

 

ဓါတ်ပုံ-PNLA

 

Burma Associated Press

Ta'ang National Liberation Army
Sisai
military
civilian
crash
refugee

Share With
bap-logo