bap-logo
Politics

မုံရွာ ဓားပြမှုကို မှန်ကန်သည့်တရားစီရင်ရေးစနစ်ဖြင့် ဆောင်ရွက်သွားမည်ဟု ပအဖ ဆို

ursylVhi0FUO00tLdv16Y-image

လွန်ခဲ့သော ၂ နှစ် က

ဩဂုတ် ၁၃။

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ပြီးခဲ့သည့် ဩဂုတ် ၁၀ ရက်က ဖြစ်ပွားခဲ့သည့် ဓားပြတိုက်ပြီး မီးဖွားကာနီး ကိုယ်ဝန်ဆောင်ကို သတ်သွားသည့် တရားခံများနှင့်ပတ်သက်ပြီး မှန်ကန်သည့် တရားစီရင်ရေးစနစ်ဖြင့် ဆောင်ရွက်သွားမည်ဟု မုံရွာမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့က BAPသို့ ပြောသည်။

 

အဆိုပါ ဓားပြတိုက်သူ အမျိုးသား ခြောက်ဦးကို GUARDIAN FORCE PDFအဖွဲ့က တစ်ရက်အတွင်း ဖမ်းမိခဲ့ကြောင်း တပ်ဖွဲ့ခေါင်းဆောင်၏ ဖေ့ဘွတ်ခ်မှတဆင့် ပြသခဲ့သေးသည်။

 

သေဆုံးသွားသည့် အသက် ၂၅ နှစ်အရွယ် ကိုယ်ဝန်ဆောင် မအေးငြိမ်းသူ၏ နာရေးကို ယမန်နေ့က ပြုလုပ်ခဲ့ပြီး မုံရွာမြို့ခံ အများအပြားက လိုက်ပါ ပို့ဆောင်ပေးခဲ့သည်။

 

ပုံစာ- ကွယ်လွန်သူ မအေးငြိမ်းသူ (ခ)မသဲသဲ၏ နာရေးမြင်ကွင်း

 

Burma Associated Press

Monywa
robbery
Pregnant

Share With
bap-logo