bap-logo
Politics

မြန်မာအတွက် လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ ဂျာမနီ ဆက်လက် ထည့်ဝင်မည်

5-d939V3vNxWXBRXs4Rm9-image

လွန်ခဲ့သော ၂ နှစ် က

ဩဂုတ် ၉။

 

မြန်မာနိုင်ငံတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများကို ကူညီဖြေရှင်းရန်အတွက် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ရန်ပုံငွေ (MHF) သို့ ငွေကြေးထောက်ပံ့မှုများကို ဂျာမနီက ယခုနှစ်တွင်လည်း ဆက်လက်ထည့်ဝင်မည်ဟု သံရုံးစာမျက်နှာမှတဆင့်အသိ ပေးလာသည်။

 

ဂျာမနီသည် MHF အတွက် ၂၀၂၃ ခုနှစ်တွင် အများဆုံးထည့်ဝင်ပံ့ပိုးသည့် နိုင်ငံများထဲမှ တစ်နိုင်ငံအနေဖြင့် ယူရို . သန်းကို ပံ့ပိုးထားသည်ဟုဆိုသည်။

 

သံရုံးတာဝန်ခံအကြီးအကဲ York Schuegraf နှင့် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ ယာယီအကြီးအကဲဖြစ်သူ Danielle Parry တို့သည် မကြာသေးခင်က တွေ့ဆုံခဲ့ကြပြီး နိုင်ငံတွင်း တစ်စတစ်စ တိုးမြင့်လာ သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များအပေါ် ဆွေးနွေးခဲ့ကြသည်ဟုလည်း သံရုံးဘက်က ပြောလာသည်။

 

ထိုသို့တွေ့ဆုံစဉ် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို အမှန်တကယ် လိုအပ်နေသည့် ပြည်သူများထံ ရောက်ရှိစေရန်အတွက် ရန်ပုံငွေ များကို အကျိုးရှိရှိ စီမံအသုံးချရန် ပြောခဲ့သည်ဟုဆိုသည်။

 

ဓာတ်ပုံ - ဂျာမနီသံရုံး

 

Burma Associated Press

Myanmar

Share With
bap-logo