bap-logo
International

ရာသီဥတုပြောင်းလဲမှု၏ ထိုးနှက်မှုဒဏ် ခံနေရသော အေအိုင်ဒီအက်စ်၊ တီဘီနှင့်ငှက်ဖျား တိုက်ဖျက်ရေး

uJmxBxSadxFUad_txk1of-image

လွန်ခဲ့သော ၂ နှစ် က

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့် ပဋိပက္ခများက ကမ္ဘာ့ အသေအပျောက် အများဆုံး ကူးစက်ရောဂါ သုံးမျိုးကို တိုက်ဖျက်ရာတွင် ရိုက်ခတ်မှုများရှိကြောင်း အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားတိုက်ဖျက်ရေး ကမ္ဘာ့ရန်ပုံငွေ အဖွဲ့ (Global Fund to Fight AIDS, Tuberculosis and Malaria)အကြီးအကဲက သတိပေးပြောကြားသည်။

 

ကိုဗစ်-၁၉ ရောဂါကပ်ဆိုး သက်ရောက်မှု ဆိုးရွားစွာ ခံစားခဲ့ရပြိးနောက် အထက်ပါ ရောဂါများ တိုက်ဖျက်ရေး နိုင်ငံတကာလုပ်ဆောင်မှုများ ကြီးမားကျယ်ပြန့်စွာ ပြန်လည်ထူထောင်လာခဲ့သည်ဟု တနင်္လာနေ့တွင် ထုတ်ဝေသော ရန်ပုံငွေအဖွဲ့၏ ၂၀၂၃ ရလဒ်များ အစီရင်ခံစာက ဖော်ပြထားသည်။

 

သို့ရာတွင် "သာမန်ထက် ပိုမိုလုပ်ဆောင်ရမည့် အဆင့်များ" မလုပ်ဆောင်နိုင်လျှင် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်နှင့် ပဋိပက္ခများက အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျား ရောဂါများ ၂၀၃၀ ခုနှစ်တွင် အဆုံးသတ်စေရေး ရည်မှန်းချက်မှ လွဲချော်စေနိုင်သည် ဟု ကမ္ဘာ့ရန်ပုံငွေအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး Peter Sands က ပြောသည်။

 

တိုးတက်မှုများလည်း ရှိကြောင်း ၎င်းက ပြောသည်။ ဥပမာအားဖြင့် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ရန်ပုံငွေအဖွဲ့မှ ငွေကြေးထည့်ဝင်ပေးအပ်ထားသည့် နိုင်ငံများတွင် ယခင်ကထက် ပိုမိုများပြားသည့် လူဦးရေ . သန်းအတွက် တီဘီရောဂါ ကုသပေးခဲ့ကြောင်း၊ ယခင်နှစ်ကထက် လူပေါင်း ၁. သန်း ပိုမိုများပြားကြောင်း ၎င်းက ပြောသည်။

 

ရန်ပုံငွေအဖွဲ့မှ လူပေါင်း ၂၄. သန်း၏ HIV အတွက် Antiretroviral Therapy (ART ကုထုံး) ခြင်ထောင် လုံးရေ ၂၂၀ သန်း ကူညီခဲ့သည်။

 

ရန်ပုံငွေအဖွဲ့မှ လူပေါင်း ၂၄. သန်း၏ HIV အတွက် Antiretroviral Therapy (ART ကုထုံး) ခြင်ထောင် လုံးရေ ၂၂၀ သန်း ကူညီခဲ့သည်။

 

သို့သော် အစီရင်ခံစာနှင့် တွဲဖက်ဖော်ပြထားသည့် ထုတ်ပြန်ချက်တွင် ရောဂါကပ်ဆိုးအပြီး လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးမှာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်အပါအဝင် "အပြန်အလှန် ချိတ်ဆက်နေပြီး တိုးတိုက်မိသည့် အကျပ်အတည်းများ ပေါင်းစပ်လာ၍ စိန်ခေါ်မှု ပိုမိုကြုံတွေ့လာရသည်။” ဟု ရန်ပုံငွေအဖွဲ့မှ ဖော်ပြထားသည်။

 

ဥပမာအားဖြင့် ငှက်ဖျားရောဂါ ရောဂါဖြစ်ပွားစေသော ကပ်ပါးကောင်များကို သယ်‌ဆောင်သည့် ခြင်များအတွက် အေးလွန်း၍ ယခင်က မနေနိုင်ခဲ့သော အာဖရိကကုန်းမြင့်ပိုင်းတွင် ပျံ့နှံ့နေသည်။ ရေကြီးရေလျှံခြင်းကဲ့သို့သော ပြင်းထန်သည့် ရာသီဥတုဖြစ်စဉ်များက ကျန်းမာရေးဝန်ဆောင်မှုများ၊ ပြောင်းရွှေ့အခြေချသည့် လူမှုအသိုင်းအဝိုင်းများကို လွှမ်းမိုးချုပ်ကိုင်ထားသည့်အတွက် ရောဂါကူးစက်မှု မြင့်တက်စေခြင်း၊ နေရာအနှံ့အပြားတွင် ရောဂါကုသမှုကို အနှောင့်အယှက်ဖြစ်ခြင်းတို့ ဖြစ်ပေါ်စေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ဆူဒန်၊ ယူကရိန်း၊ အာဖဂန်နစ္စတန်နှင့် မြန်မာနိုင်ငံတို့တွင် ထိခိုက်ခံစားလွယ်သည့် အသိုင်းအဝိုင်းများသို့ ကူညီကုသမှုများ ရောက်ရှိရေးမှာ မလုံခြုံမှုများကြောင့် စိန်ခေါ်မှု ကြီးမားစွာ ကြုံတွေ့ရသည်ဟုလည်း ဖော်ပြထားသည်။

 

သို့သော် ကာကွယ်ရေးနှင့် ရောဂါရှာဖွေရေး ကိရိယာများကို တီထွင်ကြံဆမှုအပိုင်းတွင် မျှော်လင့်ချက် ရှိသေးကြောင်း Sands က ပြောသည်။ ယခုအပတ်တွင် တီဘီရောဂါနှင့် ပတ်သတ်၍ ကုလသမဂ္ ဂအထွေထွေညီလာခံတွင် အဆင့်မြင့် အစည်းအဝေးတစ်ခု ပြုလုပ်ရန် ရှိပြီး ရောဂါအပေါ် ပိုမို အာရုံစိုက် သွားမည်ဟုမျှော်လင့်နေကြသည်။

 

ကိုးကား - Reuters

ပုံစာ - မတ်လ ၂၉ ရက် ၂၀၁၉ ခုနှစ် အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့တော်တွင် တီဘီကူးစက်ခံထားရကြောင်း စစ်ဆေးမှု နမူနာကို အနုကြည့်မှန်ပြောင်းမှ တွေ့မြင်ရစဉ်။ (Photo: REUTERS/Magali Druscovich/File Photo)

 

TB
Malaria
Climate change
AIDS

Share With
bap-logo