International
တရုတ်ကို လာမဲ့သူတွေ ဩဂုတ်လကုန်မှစ၍ ကိုဗစ် NAT သို့မဟုတ် RAT စစ်ဆေးဖို့ မလိုတော့
လွန်ခဲ့သော ၂ နှစ် က
ရန်ကုန်၊ ဩဂုတ် ၂၈။
တရုတ်နိုင်ငံကို လာမဲ့သူတွေအနေနဲ့ အခုလ ၃၀ ရက်ကစပြီး ကိုဗစ် Nucleic Acid Test (NAT) သို့မဟုတ် Rapid Antigen Test (RAT) စစ်ဆေးဖို့ မလိုအပ်တော့ဘူးလို့ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။
တရုတ်ဟာ ကိုဗစ်ပြန့်နှံ့မှုကို ထိန်းချုပ်ချင်တာကြောင့် ပြီးခဲ့တဲ့ နှစ်ကစပြီး “ကိုဗစ်သုည” မူဝါဒကို ချမှတ်ပြီး တင်းတင်းကြပ်ကြပ်ဆောင်ရွက်ခဲ့တာတွေရှိပါတယ်။
ကိုဗစ်- ၁၉ ဟာ တရုတ်ရဲ့ ဝူဟန်မြို့မှာ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ စတင် ကူးစက် ပျံ့နှံ့ခဲ့တာ ဖြစ်ပြီး ကမ္ဘာတဝန်းမှာ လူပေါင်း သန်း ၇၀၀ ကျော် ကူးစက်ခံခဲ့ရသလို ၇ သန်း နီးပါး အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ စာရင်းတွေကဆိုပါတယ်။
မြန်မာနိုင်ငံမှာလည်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၆ သိန်းကျော်ရှိပြီး အဲဒီထဲကမှ ၂ သောင်းနီးပါး သေဆုံးခဲ့ပါတယ်။
Burma Associated Press
covid-19
Wuhan
China
WHO
Share With