bap-logo
International

သူလျှိုလုပ်မှုဖြင့် ဝေါစထရိဂျာနယ်သတင်း ထောက်ကို ရုရှားဖမ်းဆီး

tT2wOKvkXZUGuRCGMmMhz-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၃၀
 
ရုရှားထိပ်တန်းလုံခြုံရေးအေဂျင်စီသည် ဝါရှင်တန်အတွက် သူလျှိုလုပ်မှုစွပ်စွဲချက်ဖြင့် ဝေါစထရိဂျာနယ် Wall Street Journal သတင်းထောက်တစ်ဦးကို ဖမ်းဆီးခဲ့ပြီး အဆိုပါဖမ်းဆီးမှုမှာ စစ်အေးတိုက်ပွဲနောက်ပိုင်း အမေရိကန်သတင်းထောက်တစ်ဦးကို သူလျှိုလုပ်မှုဖြင့် ပထမဆုံးအချိန် ဖမ်းဆီးမှုဖြစ်ကြောင်း သိရသည်။


 
သတင်းထောက် အီဗန် ဂါ့ချ်ကိုဗစ်အပေါ် ရုရှား၏ စွပ်စွဲချက်များကို ဝေါစထရိဂျာနယ်က ငြင်းဆိုထားသည်။


 
သတင်းထောက် ဂါ့ချ်ကိုဗစ်သည် ယူရယ်လ်မောင်တိန်စ်မြို့တွင် လျှို့ဝှက်သတင်းရယူရန် ကြိုးပမ်းနေစဉ် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ဖယ်ဒရယ်လုံခြုံရေးအေဂျင်စီ (FSB)က ကြာသပတေးနေ့တွင် ပြောကြားခဲ့ သည်။
 


FSB
သည် ဆိုဗီယက်ခေတ် KGB ကို ဆက်ခံသည့် လုံခြုံ‌ရေးအေဂျင်စီဖြစ်ပြီး ဂါ့ချ်ကိုဗစ်သည် အမေရိကန် အစိုးရ၏ ညွှန်ကြားချက်အရ ရုရှားစစ်တပ်လျှို့ဝှက်သတင်းအချက်အလက်များထားရှိရာ စက်မှုဝင်းအတွင်းရှိ ကုမ္ပဏီတစ်ခု၏ လှုပ်ရှားမှုနှင့်ပတ်သက်သည့် အချက်အလက်များကို ရယူရန် ကြိုးစားခဲ့ကြောင်း ပြောကြား ခဲ့သည်။


 
"FSB
၏စွပ်စွဲချက်များကို ဝေါစထရိဂျာနယ်က ပြင်းပြင်းထန်ထန် ငြင်းဆိုပြီး ဂျာနယ်၏ ယုံကြည်ရပြီး အလုပ်တွင်မြှုပ်နှံလုပ်ကိုင်လျှက်ရှိသည့် သတင်းထောက် အီဗန်ဂါ့ချ်ကိုဗစ်ကို ချက်ချင်းလွှတ်ပေးရန် တောင်းဆို ပါသည်။ ကျွန်ုပ်တို့အားလုံး အီဗန်နှင့် သူ၏မိသားစုနှင့်အတူ တညီတညွတ်တည်း ရပ်တည်လျှက်ရှိသည်" ဟု ဝေါစထရိဂျာနယ်က ထုတ်ပြန်ထားသည်။


 
ယူကရိန်းကျူးကျော်စစ်နှင့်ပတ်သက်၍ အမေရိကန်နှင့် ရုရှားတို့ကြား ဆက်ဆံ‌ရေးခါးသီးလျှက်ရှိပြီး ပူတင် အစိုးရ အတိုက်အခံတက်ကြွလှုပ်ရှားသူများ၊ လွတ်လပ်သောသတင်းသမားများနှင့် အရပ်ဖက်အဖွဲ့အစည်းများ ကို နှိပ်ကွက်နေချိန်တွင် အမေရိကန်နိုင်ငံသား သတင်းထောက် ယခုကဲ့သို့ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။


 
ယခုသတင်းပတ်အစောပိုင်းကလည်း ရုရှားတရားရုံးတစ်ခုက  ယူကရိန်းစစ်ပွဲဝေဖန်သည့် ဆိုရှယ်မီဒီယာ ပို့စ်ကြောင့် မုဆိုးဖိုတစ်ဦးကို ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် နှစ်ချကာ ၁၃ နှစ်အရွယ်သမီးကို မိဘမဲ့ကလေး ဂေဟာသို့ ပို့ခဲ့သည်။


 
အမေရိကန်သတင်းထောက်အား ဖမ်းဆီးခဲ့သည့် နေ့ရက်အချိန်ကို FSB က ထုတ်‌ဖော်ပြောဆိုခြင်းမရှိပေ။ ဂါ့ချ် ကိုဗစ်သည် ဝေါစထရိဂျာနယ်၏ မော်စကိုရုံးခွဲတွင်လုပ်ကိုင်ပြီး ရုရှား၊ ယူကရိန်းနှင့် အခြားသော ဆိုဗီယက် နိုင်ငံဟောင်းများအကြောင်း သတင်းရေးသားသူဖြစ်ပြီးသူလျှိုမှုထင်ရှားပါက ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရဖွယ် ရှိသည်။


 
FSB
က ဂါ့ချ်ကိုဗစ်ရုရှားနိုင်ငံခြားရေးဌာနမှ သတင်းထောက်အဖြစ် လုပ်ကိုင်ရန် အသိအမှတ်ပြုမှု ရရှိထားသော်လည်း ယင်းအချက်ကို သတင်းစာပညာနှင့် မသက်ဆိုင်သော လှုပ်ရှားမှုများအတွက် ကာဗာအဖြစ် အသုံးပြုခဲ့ကြောင်း ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မာရီယာ ဇာခါရိုဗာက ပြောကြားခဲ့သည်။
 
 
Source – AP/Reuters
 
ပုံ - ဝေါစထရိဂျာနယ်သတင်းထောက် အီဗန်ဂါ့ချ်ကိုဗစ်

Burma Associated Press

 

 

 

arrest
Wall Street Journal
Journalist
Russia

Share With
bap-logo