bap-logo
Politics

သင်္ကြန်အကြိုနေ့မှာ အတွဲလိုက်ဒုံးတွေနဲ့ပစ်လို့ ကော့ကရိတ်တောင်ပိုင်းကျေးရွာမှာ နေအိမ်တွေ မီးလောင်ပျက်စီး

rIelwc_QFrWVLzgM8Jons-image

လွန်ခဲ့သော တစ်နှစ် က

ဧပြီ ၁၄။

 

မြန်မာ့နှစ်သစ်ကူးကာလဖြစ်တဲ့ ယမန်နေ့ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့ ညအချိန်မှာ စစ်ကောင်စီက အတွဲလိုက်ဒုံးတွေနဲ့ ပစ်ခတ်တဲ့အတွက် ကော့ကရိတ်မြို့တောင်ပိုင်း၊ အံဖလေးကျေးရွာက နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရပါတယ်။

 

 

ပုန်းကျင်း(ကတုတ်ကျင်း) ထဲမှာနေနေတုန်း အိမ်ပေါ်ကို တည့်တည့်ကျတာ၊ မီးလောင်တော့ ပုန်းကျင်းထဲကပါ ထွက်ပြေးရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ယမန်နေ့ ၁၀ နာရီ ၃၀ ဝန်းကျင်မှာ စစ်ကောင်စီက ကော့ကရိတ်မြို့တောင်ပိုင်းကျေးရွာတွေကို အတွဲလိုက်ဒုံးတွေနဲ့ အကြိမ် ၂၀ ထက်မနည်းပစ်ခတ်ခဲ့တာပါ။ အဲဒီလို ပစ်ခတ်မှုကြောင့် လူနေအိမ်တွေထိမှန်ခဲ့ပြီး ဒေသခံတစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

 

 

စစ်ကောင်စီဟာ ဧပြီလ ၁၂ ရက်ကစလို့ သံချပ်ကာကားတွေနဲ့အတူ ကော့ကရိတ်မြို့ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး ၎င်းတို့ ရှုံးနိမ့်ထားတဲ့ သင်္ကန်းညီနောင်နဲ့ မြဝတီကို ပြန်ရဖို့အတွက် စစ်ကြောင်းထိုးနေတာပါ။

 

KNLA နဲ့ PDF ပူးပေါင်းတပ်တွေက သင်္ကန်းညီနောင်ဗျူဟာကို ဧပြီလ ရက်မှာ သိမ်းပိုက်ထားပြီး မြဝတီမြို့ကို လည်း ထိန်းချုပ်ထားပါတယ်။ အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဗျူဟာမှုးအပါအဝင် လူ ၇၀၀ နီးပါး လက်နက်ချခဲ့ပါတယ်။

 

 

လက်ရှိအချိန်မှာတော့ သံချပ်ကာကားတွေပါတဲ့စစ်ကောင်စီစစ်ကြောင်းဟာ အာရှလမ်းပေါ်က တတန်ကူး ကျေးရွာနားကို ရောက်နေပြီလို့ သိရပါတယ်။

 

Burma Associated Press

Kawkareik
military
civilian
Artillery
Thingyan

Share With
bap-logo