bap-logo
Politics

ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာပေါ်ဗုံးကြဲမှု NUG တရားရေးတာဝန်ခံအပါအဝင် ငါးဦးသေဆုံး

rI3Qj-GPnDj-HEuxLtu6s-image

လွန်ခဲ့သော ၂ နှစ် က

ဒီဇင်ဘာ ၁၂။

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် မင်းတိုင်ပင်ရွာပေါ်သို့ စစ်ကောင်စီက ယနေ့ ဒီဇင်ဘာ ၁၂ ရက် နေ့လယ်အချိန်က လေကြောင်းမှ ဗုံးကြဲခဲ့ရာ NUG တရားရေးတာဝန်ခံနှင့် ကလေး တစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့သည်။

 

ဗုံးသီး လေးလုံးကြဲချမှုကြောင့် မင်းတိုင်ပင်ကျေးရွာတွင်နေထိုင်သော အမျိုးသားညီညွတ်ရေးအစိုးရ တရားရေး ဝန်ကြီးဌာန မြို့နယ်တရားရေး တာဝန်ခံ ဦးပေါပြည့်အောင် (ရဲ CDM) မသဲနုမြင့်ဇော် (ပညာရေးVolunteer) ပကဖရဲဘော် မိုးမိုးနှင့် ဇီးဖြူကုန်းကျေးရွာမှ အသက် နှစ်အရွယ် ကလေးငယ် တစ်ဦး၊ ကလေး မိခင်တို့ သေဆုံးခဲ့ပြီး ကလေးဖခင်မှာ အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့သည်ဟု ပုလဲမြို့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကဆိုသည်။

 

စစ်တပ်မှ လူမဆန်စွာဖြင့် စစ်ရာဇဝတ်မှုများ နေရာအနှံ့ကျူးလွန် နေသော ကြောင့် ပြည်သူများအားလုံး အနေဖြင့် စစ်ရေးအသိ၊ စစ်ရေးသတိဖြင့် နေထိုင် သွားလာကြပါရန် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မေတ္တာရပ်ခံထားသည်။

 

ဓာတ်ပုံ- ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပုလဲ

 

Burma Associated Press

Children
Pale
died
Military
Airattack

Share With
bap-logo