bap-logo
Education

မြန်မာ့နွေဦးတက္ကသိုလ်၊ ဒုတိယအကြိမ် မြောက် ဖွင့်လှစ်မှုတွင် ဘာသာရပ်များ ထပ်တိုး ဖွင့်လှစ်မည်

qGE_AgayarVFgXXMxDOJJ-image

လွန်ခဲ့သော ၃ နှစ် က

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

 

မြန်မာ့နွေဦးတက္ကသိုလ်(Myanmar Nawy-Oo University) တွင် ဘာသာရပ်သစ်များ ထပ်တိုးထားပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လတို့တွင် ဒုတိယအကြိမ် ဖွင့်လှစ်ပေးနိုင်ရန် ပြင်ဆင်နေပြီဖြစ်သည်။

 

 

လက်ရှိတွင် မြန်မာ့နွေဦးတက္ကသိုလ် (MNOU)၌ နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူ များ (၂၀၂၀ တက်လက်စsecond semesterသာကျန်)အတွက် ဝိဇ္ဇာသိပ္ပံအထူးပြု ဘာသာရပ် ၁၈ ခု ၊ စီးပွါးရေး ဘာသာရပ် ၇ ခု ၊ ယဉ်ကျေးမှုနှင့်အနုပညာဘာသာရပ် (၅) ခုကို ပထမအကြိမ်အဖြစ် အသုတ်(၃) သုတ်ခွဲကာ Learning Management System (LMS) တွင် သင်ခန်းစာများကိုလေ့လာ သင်ယူနေ ကြပြီဖြစ်သည်။

 

ဒုတိယအကြိမ်အဖြစ်ထပ်မံဖွင့်လှစ်ရာတွင် ပထမအကြိမ်၏အထူးပြုဘာသာရပ်တို့မှ နောက်ဆုံးနှစ် အတန်းများ အပြင် ဂုဏ်ထူးတန်းအတန်းများ၊ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်အတန်းများ၊ အဝေးသင်အတန်းများ၊ short courses များ၊ တက္ကသိုလ် ဝင်တန်းအောင်နှင့်အခြေခံပညာပြီး မြောက်ထားသူများအတွက် Core-curriculum courses များကိုလည်း ဖွင့်လှစ်ပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေကြပါသည်။

 

ထို့ကြောင့် CDM ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာ့နွေဦးတက္ကသိုလ်မှ ဖွင့်လှစ်မည့် Courses များကို တက်ရောက်နိုင်ရန်အတွက် MES System , LMS system များကိုကြိုတင်လေ့လာ ထားးကြရန် မြန်မာ့ နွေဦးတက္ကသိုလ်က တိုက်တွန်းထားသည်။

 

မြန်မာ့နွေဦးတက္ကသိုလ် (MNOU) ကို အောက်တိုဘာ ၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ လက်ရှိတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၂,၀၀၀ ကျော်ဖြင့် တက်ရောက်လျှက်ရှိသည်။

 

Burma Associated Press

 

Myanmar
Education
student
Nawy-Oo Universi

Share With
bap-logo