bap-logo
Data

လွတ်ငြိမ်းနဲ့လွှတ်တဲ့အထဲ သတင်းသမား ငါးဦးသာပါဝင်

-Ncu58x7IkUhrgILaSlg6-image

လွန်ခဲ့သော ၃ နှစ် က

ရန်ကုန်၊ ဇန်နဝါရီ ၄။

 

ယနေ့ ၇၅ နှစ်ပြည့် စိန်ရတု လွတ်လပ်ရေးနေ့က စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာနဲ့ လွှတ်ပေးလိုက်တဲ့ အကျဥ်းသား ၇,၀၁၂ ထဲမှာ သတင်းသမားငါးဦးသာ ပါဝင်ပါတယ်။

 

ရွှေဖီမြေသတင်းဌာနက လွေးအမ်ဖောင်၊ VOM သတင်းဌာနက အယ်ဒီတာအဖွဲ့ဝင် ကိုပြည့်ဖြိုးအောင်၊ 7 Days News က သတင်းထောက်ဟောင်း ကိုစိုင်းကိုကိုထွန်း၊ ပြည်မြို့က အလွတ်တန်းသတင်းထောက် ကိုရဲထွန်းဦးနဲ့ ရန်ကုန်ကသတင်းမီဒီယာကောင်စီ အဖွဲ့ဝင်ဟောင်း အလှလေးသူဇာ (ခ) မသူဇာတို့ ဖြစ်ကြပါတယ်။

 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း အမျိုးသားနေ့ အထိမ်းအမှတ်အနေနဲ့ အကျဥ်းသား ၅,၇၇၄ ကို လွှတ်ပေးခဲ့ပေမယ့် အဲဒီတုန်းကလည်း သတင်းသမား ခြောက်ဦးသာ ပါဝင်ခဲ့ပါတယ်။

 

လက်ရှိချိန်ထိ နိုင်ငံအနှံ့က အကျဥ်းထောင်အသီးသီးမှာ သတင်းထောက် ၅၀ ကျော်ဟာ ဖမ်းဆီးထိန်းသိမ်း ခံထားရဆဲ ဖြစ်ပါတယ်။

 

စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအတွင်း သတင်းဌာန ၁၃ ခုကို ထုတ်ဝေခွင့်လိုင်စင်ပိတ် သိမ်းခဲ့ပါတယ်။ ဒါ့ပြင် သတင်းထောက်ဟောင်းနဲ့ အလွတ်တန်းသတင်းထောက်များအပါအဝင် သတင်းထောက် ၁၅၀ ကျော် ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။

 

Burma Associated Press

 

Detained Journalist
Diamond Jubilee
Independence Day

Share With
bap-logo