bap-logo
Data

ဒီပဲယင်းတွင် ၇ ရက်အတွင်း လူနေအိမ် တစ်ထောင်ကျော် မီးရှို့ခံရ

oNB_P-gGhTpnEEmikC28G-image

လွန်ခဲ့သော ၂ နှစ် က

ဇန်နဝါရီ ၃၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းအရှေ့ခြမ်းကျေးရွာများရှိ လူနေအိမ်ခြေ ,၀၈၀ ကျော်ကို ရက်အတွင်း စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်စီးခဲ့ကြောင်းသိရသည်။

 

 

ရေဦးမြို့မှစစ်ကောင်စီတပ်သား ၁၅၀ ခန့်ပါဝင်သည့်စစ်ကြောင်းသည် ဒီပဲယင်းအရှေ့ခြမ်းကျေးရွာများသို့ ယခုလ ၂၃ ရက်မှစတင်ကာ စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။

 

 

ဒီပဲယင်းအရှေ့ခြမ်းရှိ ညောင်လှရွာမှ လူနေအိမ် ၃၇၂ လုံး၊ လက်ယက်ကုန်းရွာမှ ၃၉ လုံး၊ အုန်းတပင်ရွာမှ ၂၂၀လုံး၊ ဒိုင်နတ်ရွာမှ ၁၂၂ လုံး၊ မရကန်ရာမှ ၇၀ လုံး၊ သရက်တောရွာမှ ၉၆ လုံး၊ မူးခတွင်းရွာမှ လုံး၊ ယဉ်ကျေးရွာမှ ၁၃၉ လုံး၊ မစိုးရိမ် (အရှေ့)ရွာမှ လုံးနှင့် မူးရိုးကုန်းရွာမှ ၁၅ လုံး ဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့မှသိရသည်။

 

 

စစ်ကောင်စီတပ်သားများက ကျေးရွာများရှိလူနေအိမ်ခြေများကို မီးရှို့ခံခဲ့သည့်အပြင်၊ ပြည်သူများ စုဆောင်း ထားသည့် ရိက္ခာအများအပြားကိုပါ ဖျက်စီးသွားခဲ့သည့်အတွက် စစ်ရှောင်များအနေဖြင့် စားနပ်ရိက္ခာ ပြတ်လပ် သည့် အခက်အခဲများကိုလည်းကြုံတွေ့နေရခြင်းဖြစ်သည်။

 

 

လက်ရှိတွင် ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့အနေဖြင့် စစ်ရှောင်ပြည်သူများကို ကျန်ရှိနေသည့် ရိက္ခာ အနည်းငယ်ဖြင့် ကူညီနေသော်လည်း ဆက်လက်ထောက်ပံ့နိုင်ရန်အခက်အခဲများ ကြုံတွေ့နေရသည့်အတွက် ပြည်သူများက ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြရန် တိုက်တွန်းထားသည်။

 

Photo - ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး

Burma Associated Press

Military
Burned
Sagaing
Depayin
house
Civilian
Refugee

Share With
bap-logo