bap-logo
Politics

NUGPay မှတဆင့် PDF, LPDF, UG အယောင်ဆောင် ငွေကြေးလိမ်လည်မှုများကို အရေးယူလျက်ရှိ

nVSXbSdaKmRrk28ZmtVlu-image

လွန်ခဲ့သော ၂ နှစ် က

ဇူလိုင် ၃၀။

နွေဦးတော်လှန်ရေးအတွင်း NUGPayကို အသုံးပြု၍ PDF, LPDF, UG အယောင်ဆောင် ငွေကြေး လိမ်လည်မှုများကို တားဆီးအရေးယူလျက်ရှိသည်ဟု NUGPay က ထုတ်ပြန်သည်။

 

အဆိုပါလိမ်လည်မှုများကို ကိုင်တွယ်ဆောင်ရွက်ရန် Fraud Management Team ကို ဖွဲ့စည်းပြီး ခိုင်လုံသော သက်သေများကို အခြေခံ၍ အရေးယူ ဆောင်ရွက်လျှက်ရှိသည်ဟုလည်း အသိပေးသည်။

 

ထိုကဲ့သို့ ဆောင်ရွက်ရာတွင် လိမ်လည်သူများ၏ အကောင့်နှင့် ငွေထုတ်နိုင်ရန် ကူညီပေးသည့် အကောင့် အချို့ ကို ပိတ်သိမ်းပြီး လိမ်လည်ခံရသည့် ငွေကြေးများမှ အချို့ကိုလည်း အချိန်မီ ထိန်းသိမ်းပြီး အလှူရှင်များထံသို့ ပြန်လည်ပေးအပ် နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်ကဆင့် သိရသည်။

 

လိမ်လည်သည်ဟု မှားယွင်းတိုင်ကြားခံရပါက ခိုင်လုံသော အထောက်အထားများဖြင့် ဆက်သွယ်ဖြေရှင်း နိုင်သည်ဟုလည်း ဆိုသည်။

 

အရေးယူမှုများ ပြုလုပ်ရာတွင် သတိပေးခြင်း၊ အကောင့် အသုံးပြုခွင့် ယာယီ ပိတ်သိမ်းခြင်း၊ ရာသက်ပန် အကောင့်ပိတ်သိမ်းခြင်း၊ အကောင့်အသစ်ထပ်မံဝယ်ယူခွင့် ပိတ်သိမ်းခြင်းတို့ကို သက်သေများနှင့်တကွ ဆောင်ရွက်လျက်ရှိသည်ဟု NUGPay က ဆိုသည်။

 

Burma Associated Press

Nug pay
PDF
urban guerrilla force

Share With
bap-logo