bap-logo
Politics

မအူပင် နည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာကျောင်းသူ မရွှေခြူးဝိုင်းကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ် ချမှတ်

nIiPJbXh4mTYxWw-R8MNn-image

လွန်ခဲ့သော ၃ နှစ် က

ဒီဇင်ဘာ ၃၁

 

မအူပင်နည်းပညာတက္ကသိုလ် နောက်ဆုံးနှစ်တန်းတက်ရောက်နေသည့် မြို့ပြအင်ဂျင်နီယာကျောင်းသူ မရွှေခြူးဝိုင်းကို စစ်ကောင်စီ တရားရုံးမှ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

 

မရွှေခြူးဝိုင်းသည် မအူပင်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဗကသများအဖွဲ့ချုပ်မှ သတင်းနှင့် ပြန်ကြားရေးကော်မတီဝင် တစ်ဦးဖြစ်ပြီး၊ ယမန်နေ့က ပုဒ်မ ၅၀ () ဖြင့် အဆိုပါထောင်ဒဏ်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

 

မရွှေခြူးဝိုင်းသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ရက်တွင် စစ်ကောင်စီအဖွဲ့ဝင်များ၏ မတရား ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

 

စစ်ကောင်စီသည် အာဏာသိမ်းပြီးချိန်မှစ၍ အပြစ်မဲ့ကျောင်းသား၊သူများအပေါ် ရက်စက်စွာညှင်းဆဲ သတ်ဖြတ်မှုများကို ဆက်တိုက်ပြုလုပ်နေကာ၊ ဇူလိုင်လအတွင်းကလည်း ဒီမိုကရေစီအရေးလှုပ်ရှားသူ () ဦးကို ကြိုးပေးကွပ်မျက်ခဲ့သည်။

 

လက်ရှိအချိန်အထိ နိုင်ငံတဝှမ်း ဖမ်းဆီးအကျဉ်းချထားခံရသူ ၁၃,၀၀၀ ကျော်နှင့် သတ်ဖြတ်ခံရသူ ကျောင်းသား၊ ပြည်သူ ၂,၅၀၀ ကျော်ရှိပြီဖြစ်သည်။

 

ယခုလ နောက်ဆုံးအပတ်အတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တက္ကသိုလ်ကျောင်းများမှ အဖမ်းဆီးခံကျောင်းသား/သူများအား အပြီးသတ်အမိန့်များ ချမှတ်နေပြီး၊ အမြင့်ဆုံး ထောင်ဒဏ်မှာ ၂၆ နှစ် ဖြစ်သည်။

 

Burma Associated Press

University Student
sentenced
SAC
Coup

Share With
bap-logo