bap-logo
Politics

စစ်ကောင်စီမှ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသူဟောင်း မယုယုမွန်အား ထောင်ဒဏ် ၁၀နှစ် ချမှတ်

xYhpBvkhlv3veMfOtG1s8-image

လွန်ခဲ့သော ၃ နှစ် က

ဒီဇင်ဘာ ၃၀

 

ရန်ကုန်စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှုပညာမေဂျာ ကျောင်းသူဟောင်းတစ်ဦးဖြစ်သည့် မယုယုမွန်အား စစ်ကောင်စီက ယမန်နေ့တွင် ထောင်ဒဏ် ၁၀နှစ် ချမှတ်ခဲ့ကြောင်းသိရသည်။

 

၎င်းအား စစ်ကောင်စီလက်အောက်ခံမော်လမြိုင်မြို့နယ် တရားရုံးမှ ပုဒ်မ (၅၀) () ၅၁ () တို့ဖြင့် ထောင်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

 

မော်လမြိုင်မြို့တွင် တိမ်း‌ရှောင်နေစဉ် မတရားပုဒ်မများဖြင့် စစ်ကောင်စီမှ အကွက်ဆင်ဖမ်းဆီးခဲ့ခြင်း ဖြစ်‌ကြောင်း သူမနှင့် နီးစပ်သူများထံမှ သိရသည်။

 

စစ်ကောင်စီအနေဖြင့် အာဏာသိမ်းပြီးချိန်မှစ၍ အပြစ်မဲ့ကျောင်းသား/သူများအပေါ် ရက်စက်စွာ ညှင်းဆဲသတ်ဖြတ်မှုများကို ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

 

လက်ရှိအချိန်အထိ နိုင်ငံတဝှမ်းတွင် မတရားဖမ်းဆီးအကျဉ်းချထားခံရသူ ၁၃,၀၀၀ ကျော်နှင့် သတ်ဖြတ်ခံရသူ ကျောင်းသား၊ ပြည်သူပေါင်း ၂,၅၀၀ ကျော် ရှိနေပြီဖြစ်ကြောင်းသိရသည်။

 

Burma Associated Press

University Student
sentenced
SAC

Share With
bap-logo