bap-logo
Data

တိုက်ပွဲများမတိုင်မီနှင့် လက်ရှိဆီဆိုင်မြို့အခြေအနေ

WnCkv4fudw4cufp0txoCc-image

လွန်ခဲ့သော တစ်နှစ် က

BAP၊ ဧပြီ ၁။

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆီဆိုင်မြို့တွင် တိုက်ပွဲများမဖြစ်ပွားမီ အခြေအနေနှင့် မဖြစ်မီအခြေအနေကို BAP က ယခင် ရိုက်ထားသည့်ပုံနှင့် လက်ရှိမြေပြင် အဖြစ်အပျက်တို့ကို ယှဉ်တွဲပြထားခြင်းဖြစ်သည်။

 

ဆီဆိုင်မြို့တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်က တစ်ဖက် PNLA နှင့် မဟာမိတ်များက တစ်ဖက် ယခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်မှစတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါအချိန်မှစ၍ ပြီးခဲ့သည့်မတ်လ ၂၃ ရက်ထိ တိုက်ပွဲများတွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု အကြိမ် ၄၀၀ ကျော်၊ လက်နက်ကြီးပစ်ခတ်မှု နှစ်ထောင်ကျော် ရှိခဲ့ပြီး အရပ်သားသေဆုံးမှု ၅၃ ဦးနှင့် ထိခိုက်သူ ၆၃ သုံးဦးနှင့် စစ်ဘေးရှောင် တစ်သိန်းကျော်ရှိခဲ့သည်။

 

အလားတူ အဆောက်အဦပျက်စီးမှု ၅၀၀ နီးပါးအထိရှိခဲ့သည်ဟု ပအိုဝ်းလူငယ်အစည်းအရုံးက ကောက်ယူ ထားသည့် စာရင်းများအရသိရသည်။

 

စစ်ကောင်စီက မတ်လ ၂၉ ရက်တွင် လူထုအချို့ကို ပအိုဝ်းဝတ်စုံဝတ်ဆင်စေကာ ဆီဆိုင်မြို့အတွင်း သန့်ရှင်းရေး လုပ်သည့် ပုံများထုတ်ပြန်၍ ပြည်သူများမြို့တွင်း ပြန်ဝင်နိုင်ကြောင်းပြောဆိုခဲ့သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-PNLA က အသိပေးထားသည်။

 

ထို့အတူ စစ်ကောင်စီက ပြည်သူများအား လူသားဒိုင်းသဖွယ်အသုံးပြုလာနိုင်သည့်အတွက် မြို့တွင်းပြန်မဝင်ရန် PNLA က အသိပေးထားသည်။

 

မြို့ထဲပြန်ဝင်သူအချို့၏ ပြောဆိုချက်အရဆီဆိုင်မြို့အတွင်း လူသေအလောင်းများ၊ မပေါက်ကွဲ သေးသည့် ဗုံးသီးများလည်းတွေ့ရသည်ဟုဆိုသည်။

 

Burma Associated Press

 

Pa-O National Liberation Army (PNLA
HsiHseng
Southern Shan State

Share With
bap-logo