bap-logo
Local News

PRF ထောက်ပို့အစီအစဉ်မှ ရရှိသည့် ရိက္ခာငွေ၏ ၇၅ ရာခိုင်နှုန်းခန့်ကို မြေပြင်အဖွဲ့များထံ ထောက်ပံ့နိုင်ခဲ့

ggUN7gwB9Exg-1M4YOmhq-image

လွန်ခဲ့သော ၂ နှစ် က

ဧပြီ ၁

 

ပြည်သူ့တော်လှန်ရေး ထောက်ပို့မိသားစုအစီအစဉ်- PRFမှ ရရှိလာသည့် ရိက္ခာငွေ၏ ၇၅ ရာခိုင်နှုန်းခန့်ကို မြေပြင်အဖွဲ့များထံ ထောက်ပံ့ပေးနိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေး ဝန်ကြီးဌာနက မတ်လ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

 

PRF ထောက်ပို့အစီအစဉ်စတင်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ယခုအချိန်အထိ ၁၅ လတာကာလ အတွင်း အမေရိကန်ဒေါ်လာ ၉ သန်းကျော် (၉.၄၂ သန်း) ရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များ၏ ရိက္ခာထောက်ပံ့ငွေအဖြစ် သုံးစွဲခဲ့ကာ ၇၅ ရာခိုင်နှုန်းခန့် ထောက်ပံ့ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

 

ဒါ့အပြင် Project DragonFly မှ ရငွေ ဒေါ်လာ သန်းကျော်ကို လေကြောင်းရန် ကာကွယ်ရေးနှင့် တန်ပြန် လေကြောင်း တိုက်ခိုက်ရေးအတွက် သုံးစွဲနေသည်ဟုလည်း NUGက အသိပေးထားသည်။

 

Burma Associated Press

NUG
PDF

Share With
bap-logo