bap-logo
Local News

ထန်တလန် လေကြောင်းတိုက်ခိုက်မှု ကလေး နှစ်ဦးအပါအဝင် ရှစ်ဦး သေဆုံးခဲ့

RHY_OGk--tpRf-TaOfWZm-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၃၁

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွာဖိုးရွာကို စစ်ကောင်စီက မတ်လ ၃၀ ရက်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေး နှစ်ဦးအပါအဝင် ရှစ်ဦး သေဆုံးခဲ့သည်။

 

သေဆုံးသူများတွင် အသက် () နှစ်နှင့် () နှစ်အရွယ် ကလေးသူငယ်နှစ်ဦးအပါအဝင် အမျိုးသမီး ငါးဦးနှင့် အမျိုးသား သုံးဦးပါဝင်သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အခြားပြည်သူ ၂၀ ဦးခန့်လည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီထံက သိရသည်။

 

ယခုကဲ့သို့သော အာဏာသိမ်းစစ်ကောင်စီ၏ ပြုကျင့်မှုသည် ၎င်းတို့အနေဖြင့် တိုင်းရင်းသားလူမျိုးများ အပါ အဝင် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် အကြမ်းဖက်ရန် ဝန်မလေးသူများဖြစ်ကြောင်း ထပ်တလဲလဲ ဖော်ပြနေခြင်းဖြစ်ပြီး၊ လူမဆန်သော လုပ်ရပ်သာဖြစ်သဖြင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ အနေဖြင့် ပြင်းထန်စွာ ပြစ်တင်ရှုံ့ချသည်ဟု ကြေညာခဲ့သည်။

 

ထို့အပြင် ချင်းတစ်မျိုးသားလုံးအနေဖြင့် အကြမ်းဖက် စစ်ကောင်စီအား တစ်ခဲနက် ဆက်လက် ဆန့်ကျင် တော်လှန်ကြရန်လည်း တိုက်တွန်းခဲ့သည်။

 

ပုံစာ - ခွာဖိုးရွာလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့သူတစ်ဦး (ဓာတ်ပုံ - လူမှုကွန်ယက်)

Burma Associated Press

Thantlang
Air Attack
Military
Children
Civilian
refugee
Chin

Share With
bap-logo