bap-logo
Politics

ထရန့်ကို မဲဆွယ်ချီတက်ပွဲတွင် ပစ်ခတ်မှု လုပ်ကြံရန်ကြိုးပမ်းမှုအဖြစ် စစ်ဆေးနေ

ei_eGSUz9fUCqoa0onALL-image

လွန်ခဲ့သော တစ်နှစ် က

 

ပင်ဆယ်ဗေးနီးယားတွင် စနေနေ့က မဲဆွယ်ချီတက်ပွဲတစ်ခုအတွင်း မိန့်ခွန်းပြောနေစဉ် ပစ်ခတ်မှုမှာ ဒေါ်နယ်ထရန့်ကို လုပ်ကြံခြင်းဖြစ်ဖွယ်ရှိသည်ဟု ဥပဒေစိုးမိုးရေးအရာရှိနှစ်ဦးက ပြောသည်။ သမ္မတဟောင်း ဒေါ်နယ်ထရန့်သည် နားရွက်တွင် သွေးများဖြင့်ပေကျံနေပြီး ၎င်းက သေနတ်ဖြင့် ပစ်ခတ်မှုဟု ပြောဆိုခဲ့သည်။ ၎င်းကို လျှို့ဝှက်အေးဂျင့်များက အလျှင်အမြန် ဆွဲခေါ်သွားပြီး "အခြေအနေ ကောင်းမွန်သည်ဟု ဆိုသည်။

 

နယ်မြေခံအစိုးရရှေ့နေတစ်ဦးက သံသယရှိသူ သေနတ်သမားတစ်ဦးနှင့် အခမ်းအနားတက်ရောက်သူ တစ်ဦး အနည်းဆုံး သေဆုံးခဲ့သည်ဟု ပြောသည်။ ကြည့်ရှုနေသူ နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရသည်ဟု လျှို့ဝှက်အေးဂျင့်က ပြောသည်။

 

ကျည်ဆံက "ကျွန်တော့်ရဲ့ ညာဘက် နားရွက်ကို ဖောက်ထွက်သွားပါတယ်။" ဟု ပစ်ခတ်မှုအပြီး နှစ်နာရီအကြာတွင် ထရန့်က ဆိုရှယ်မီဒီယာတွင် ပြောသည်။

 

ပစ်ခတ်သူမှာ လျှို့ဝှက်အေးဂျင့်များလက်ချက်ဖြင့် သေဆုံးသွားသည်ဟု ဥပဒေစိုးမိုးရေး အရာရှိများက ပြောသည်။ ၁၉၈၁ ခုနှစ် ရော်နယ်ရေဂင်ကို လုပ်ကြံရန်ကြိုးပမ်းမှုနောက်ပိုင်း သမ္မတ သို့မဟုတ် သမ္မတလောင်းတစ်ဦးကို လုပ်ကြံရန် အပြင်းထန်ဆုံး ကြိုးပမ်းမှုဖြစ်သည်။ လေးလသာလိုတော့သည့် သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန် သမ္မတလောင်းအဖြစ် တရားဝင် အမည်တင်သွင်းရန် ရက်ပိုင်းအလိုတွင် ဖြစ်ပွားခြင်း ဖြစ်သည်။

 

အမေရိကားမှာ ဒီလို အကြမ်းဖက်မှုမျိုးအတွက် နေရာမရှိဘူး။ဟု ပြိုင်ဘက် သမ္မတဂျိုးဘိုင်ဒန်က ပြောသည်။ "စိတ်ပျက်စရာပဲ။ဟု ပြောသည်။

 

ဥပဒေစိုးမိုးရေးအဖွဲ့များက AR ပုံစံ ရိုင်ဖယ်ကို အခင်းဖြစ်ရာနေရာမှ ရှာဖွေတွေ့ရှိခဲ့သည်ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

 

ကိုးကား - AP

ပုံစာ - ဂျူလိုင် ၁၃ ရက် ၂၀၂၄ ခုနှစ် မဲဆွယ်ချီတက်ပွဲတွင် လျှို့ဝှက်အေးဂျင့်များ ဝိုင်းရံထားသည့် သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို တွေ့ရစဉ်။ (AP Photo/Evan Vucci)

 

Burma Associated Press

Donald Trump
Former President
American

Share With
bap-logo