bap-logo
Politics

ယာဒိုအနီးရှိ သောက်ရေခပ်ပြည်သူများလည်း ရွာလုံးကျွတ်စစ်ရှောင်နေရ

cj_FWqoFWaFkY_cD29zgv-image

လွန်ခဲ့သော ၂ နှစ် က

ဇူလိုင် ၂၆။

ရှမ်း၊ ကရင်နီ၊ ကရင်နယ်စပ် ယာဒိုအနီးရှိ သောက်ရေခပ်ပြည်သူများလည်း ရွာလုံးကျွတ်စစ်ရှောင်နေရသည်ဟု စစ်ရှောင်များကို ကူညီပေးနေသူ တစ်ဦးက BAP သို့ ပြောသည်။

 

ယမန်နေ့က စစ်ကောင်စီတပ်၏ လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် သောက်ရေခပ် ပြည်သူများ စစ်ရှောင်နေရခြင်း ဖြစ်သည်။

 

စစ်ရှောင်များအတွက် ရိက္ခာတင်ပို့နေသည့် လမ်းကြောင်းက ပိတ်ထားသည့်အတွက် အခက်ခဲများနှင့် ကြုံနေရသည်ဟုလည်း BAP သို့ ပြောသည်။

 

"ရိက္ခာပို့တဲ့ လမ်းကြောင်း တောင်ငူ-လိပ်သို-ယာဒိုပေါ့နော်၊ အဲဒီလမ်းက တစ်လမ်းပဲရှိတာကိုး၊ ပိတ်ထားတော့ သွားလို့လည်းမရဘူး" ဟု ၎င်းက ပြောသည်။

 

ယာဒိုဒေသတွင် ဇူလိုင် ၁၁ ရက်စပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန် ဖြစ်ပွားနေသည့်အတွက် ယာဒိုနှင့် အနီးတဝိုက်ရှိ ပြည်သူ နှစ်ထောင်ကျော် စစ်ဘေးရှောင်နေရသည်။

 

လက်ရှိ စစ်ရှောင်များအတွက် စောင်၊ ခြင်ထောင်၊ စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိနေသည်ဟု ပြောသည်။

 

ဓာတ်ပုံ- လူမှုကွန်ရက်

 

 Burma Associated Press

 

Karen
Karenni
Civilian
refugee

Share With
bap-logo