bap-logo
Data

၄၅ ရက်အတွင်း သေဆုံးသူ အမျိုးသမီး တစ်ရာကျော်ရှိခဲ့၊ ကလေးငယ် သေဆုံးမှုလည်း တစ်ရာနီးပါး အထိရှိခဲ့

ccLGnsLr90XCFoo9wZWVD-image

လွန်ခဲ့သော ၂ နှစ် က

ဧပြီ ၁၈။

ယခုနှစ် မတ်လ ရက်မှ ဧပြီလ ၁၅ ရက်ထိ ၄၅ ရက်အတွင်း အမျိုးသမီး တစ်ရာကျော် သေဆုံးခဲ့ရကြောင်း NUG အမျိုးသမီး၊ လူငယ်နှင့် ကလေး သူငယ်ဆိုင်ရာ ဝန်ကြီးဌာန၏ မှတ်တမ်းများအရသိရသည်။

 

အဆိုပါ စာရင်းအရ အာဏာသိမ်းပြီးချိန်မှ ယနေ့ချိန်ထိ စစ်ကောင်စီ လက်ချက်ကြောင့် အမျိုးသမီး ၆၃၇ ဦး သေဆုံးခဲ့သည်ဟုဆိုသည်။

 

ယခုနှစ် မတ်လ ရက်အထိ အမျိုးသမီး သေဆုံးသူ ၄၉၇ ဦး ရှိလာသည့်အတွက် ၄၅ ရက်အတွင်း ၁၄၀ ဦး ထပ်မံ တိုးလာခဲ့ခြင်း ဖြစ်သည်။

 

ထို့ပြင် မတ်လ ရက်အထိ သေဆုံးသူ ကလေးငယ် ၃၁၃ ဦးရှိခဲ့သည်ဟုလည်း စာရင်းများအရ သိရသည်။

 

ယခုလ ၁၅ ရက်အထိ ၃၉၆ ဦးရှိလာသည့်အတွက် ၄၅ ရက်အတွင်း ၈၃ ဦး တိုးလာခဲ့ခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် ဧပြီ ၁၁ ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် ပြည်သူပေါင်း ၆၁၈ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၄၆ ဦးအပြင် နှစ်အောက်မှ ၁၄ နှစ်ကြား ကလေးငယ် ၂၅ ဦးနှင့် အသက်ခွဲခြားမရသော ကလေးငယ် ၁၀ ဦး ပါဝင်သည်။

 

ထို့အပြင် အာဏာသိမ်းပြီးချိန်မှ ယခုလ ၁၅ ရက်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသမီး ,၃၄၆ ဦး ရှိနေပြီဖြစ်ကြောင်းသိရသည်။

 

ပုံစာ - အမျိုးသမီးနှင့်ကလေးငယ် ၈၁ ဦးအထိ သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ပဇီကျေးရွာ လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်

 

Burma Associated Press

 

 

Myanmar
killed
Coup
Children
Women

Share With
bap-logo