Politics
ဦးတေဇသမီးအကြောင်းဆောင်းပါးကို အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်းက ဝဘ်ဆိုက်မှ ဖယ်ရှား
လွန်ခဲ့သော ၃ လ က
BAP။ ဇူလိုင် ၁၈။
မြန်မာခရိုနီဦးတေဇ၏ သမီးဖြသ်သူ ရေချယ်တေဇ (ထူးထွေးတေဇ) အကြောင်းဖော်ပြထားသည့် အွန်လိုင်း စာမျက်နှာကို အီတလီထိပ်တန်းဖက်ရှင် မဂ္ဂဇင်း Vogue Italia website မှ ဖယ်ရှားလိုက်ပြီ ဖြစ်သည်။
ထိပ်တန်းဖက်ရှင်မဂ္ဂဇင်းဖြစ်သော Vogue အီတလီ ၏ မိခင်ကုမ္ပဏီ Condé Nast ထံ Justice For Myanmar စာပို့ပြီးနောက် ထိုသို့ဖယ်ရှားခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်မူများနှင့် OECD ၏ တာဝန်ရှိသော စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ခဲ့သည့် Vogue Italia ၏ လုပ်ဆောင်ချက်ကို JFM က ကြိုဆိုကြောင်းထုတ်ပြန်သည်။
တေဇ ၏သမီးဖြစ်သူ ရေချယ်တေဇ သည် ထူးအုပ်စုတွင် တာဝန်ရှိသူဖြစ်သည့်အပြင်၊ မြန်မာစစ်အုပ်စု၏ ပြည်သူများအပေါ် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်နေသည့် ထူးအုပ်စုမှ အမြတ်အစွန်းများရရှိနေသူ ဖြစ်သည်။ ထူးအုပ်စု သည် စစ်လက်နက် သဘောတူညီချက်များကို ကြားဝင်စေ့စပ်ထားပြီး စစ်အုပ်စုနှင့် ၎င်းတို့၏ လုပ်ငန်းစုများကို မြေငှားခနှင့် အခြားမသမာ သဘောတူညီချက်များမှတစ်ဆင့် ငွေကြေး ထောက်ပံ့ပေးနေသည်ဟု JFM ကဆိုသည်။
ရေချယ်တေဇ ကို Vogue Italia ပလက်ဖောင်းမှ ဖော်ပြပေးခြင်းသည် နိုင်ငံတကာ ရာဇဝတ်မှုများအားထောက်ပံ့ ကူညီပံ့ပိုးနေသည့် မိသားစုအား နာမည်ကောင်း ခဝါချပေးရာရောက်သည်ဟုလည်း ဆက်ပြောထားသည်။