bap-logo
Politics

NUG အလုပ်သမားကိုယ်စားလှယ်အဖြစ် တင်သွင်းခဲ့တဲ့ ဒေါ်ဖြိုးစန္ဒာစိုး ILO ရဲ့ Worker Deputy Member အဖြစ် ရွေးကောက်ခံရ

bEcmgUdltvM5nFcc8XeGz-image

လွန်ခဲ့သော တစ်နှစ် က

ဇွန် ၁၁။

 

အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အလုပ်သမားကိုယ်စားလှယ်အဖြစ် တင်သွင်းခဲ့တဲ့ မြန်မာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) မှ လက်ထောက်အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အုပ်ချုပ်မှူအဖွဲ့ (Governing Body) မှာ Worker Deputy Member အဖြစ် ရွေးကောက်တင်မြှောက်ခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီရွေးကောက်တင်မြှောက်မှုကို ဇွန် ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး ယခုနှစ် ၂၀၂၄ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အတွက် တာဝန်ယူလုပ်ဆောင်ရမှာဖြစ်ပါတယ်။

 

မြန်မာစစ်အုပ်စုကို ILO Constitution နဲ့ အညီ အရေးယူရန် ဖိလစ်ပိုင်၊ ဂျပန် အပါအဝင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ကိုယ်စားလှယ်က ညီလာခံမှာ တိုက်တွန်းခဲ့ ကြတယ်လို့ သိရပါတယ်။

 

၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံကျင်းပလျက်ရှိတဲ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၊ ကမ္ဘာ့ကုလသမဂ္ဂရုံး (the Palace Nations) ရှေ့က Broken Chair မှာ မနေ့က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စည်းလုံးညီညွတ်သော လှုပ်ရှားမှုအထိမ်းအမှတ်နေ့အဖြစ် နိုင်ငံတကာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်များမှ အထွေထွေအတွင်းရေးမှူးများ၊ ညီလာခံ တက်ရောက်လာတဲ့ အလုပ်သမား ကိုယ်စားလှယ်များ၊ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူများနဲ့ အလုပ်သမားရေးရာရှေ့နေများ စုဝေးပြီး မြန်မာစစ်အုပ်စုကို ILO Constitution, Article 33 နဲ့ အညီ အမြန်ဆုံး အရေးယူရန် စုဝေး တောင်းဆိုခဲ့ကြပါသေးတယ်။

 

Building and Wood Workers’ International (BWI) အပါအဝင် ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂအဖွဲ့ချုပ် များ (Global Unions)က စီစဉ်တဲ့ အဆိုပါ လူထုစုဝေးတောင်းဆိုပွဲမှာ စစ်ကောင်စီက ဒီမိုကရေစီ အင်အားစုတွေနဲ့ အလုပ်သမားသမဂ္ဂတွေကို ဖိနှိပ်ဖြိုခွဲနေမှုတွေအပေါ် ရှုတ်ချခဲ့ကြပါတယ်။

 

ဓာတ်ပုံ- လူမှုကွန်ရက်

 

Burma Associated Press

International Labour Organization
NUG
Daw Phyo Sandar Soe
Workers

Share With
bap-logo