bap-logo
Politics

ကော့ကရိတ်မြို့နယ်၊ ဖူ့ချိမူစစ်ကောင်စီစခန်းမှ သုံ့ပန်း ၄၀ ကျော်ရပြီး ထွက်ပြေးသူ ၂၀ ကျော်ရှိ

PS8eRzCG1Bh5jdYThSwOI-image

လွန်ခဲ့သော တစ်နှစ် က

မေ ၂၁။

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ်၊ တပ်မဟာ() နယ်မြေရှိ တော်လှန်ရေးတပ်ဖွဲ့များ လပေါင်းများစွာပိတ်ဆို့ထားသော ဖူ့ချိမူ စစ်ကောင်စီတပ်စခန်းမှ သုံ့ပန်း ၄၀ ကျော်ရပြီး ၂၀ ကျော် ထွက်ပြေးသည်ဟု စစ်မြေပြင်သတင်းရင်းမြစ်များထံမှသိရသည်။

 

ဖူ့ချိမူသတင်းက အတည်ဖြစ်ပါတယ်။ သိမ်းဆည်းရမိတော့ အခြေအနေမသိသေးဘူးလို့ စစ်မြေပြင်သတင်းရင်းမြစ်က ပြောသည်။

 

အဆိုပါ စစ်စခန်းကို ယခုနှစ် မတ်လမှစတင်ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။

 

ထိုင်း-မြန်မာ နယ်စပ်သို့ စခန်းစွန့်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မေလ ၁၉ ရက်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် အခြားအရပ်သား ဦးကို ပစ်သတ်သွားခဲ့သည်ဟု ဒေသတွင်းသတင်းများထံမှ သိရသည်။

 

စစ်ကောင်စီတပ်သား၏ ပစ်သတ်ခြင်းခံရသည့် အမျိုးသမီးမှာအသက် ၃၀ ဝန်းကျင်ရှိပြီး ထိုင်းနယ်စပ် ပိုင်ခလန် ကျေးရွာသို့ ကိုယ်ဝန်ရက်ချိန်းသွားပြစဉ် ဆိုင်ကယ်မောင်းပေးသူ အမျိုးသားတစ်ဦးနှင့်အတူ ပစ်သတ်ခံရခြင်းဖြစ်သလို အခြားပစ်သတ်ခံရသည့် အမျိုးသား ဦးမှာ ခြံသွားသည့်လမ်းတွင် တစ်ဦးနှင့် ဥယျာဉ်ခြံတဲတွင် နေထိုင်သည့် အသက်၂၀ ကျော် လူငယ်တစ်ဦးတို့ဖြစ်ကြသည်ဟု KIC သတင်းဌာနတွင်ဖော်ပြထားသည်။

 

ကေအဲန်ယူ၊ တပ်မဟာ () ရှိ ကျိုက်ဒုံဗျူဟာစခန်းကိုလည်း စစ်ကောင်စီသည် ယခုနှစ် မတ်လအတွင်း စွန့်လွှတ်ထားရသည်။

 

ပုံစာ- စစ်ကောင်စီတပ်သားများ ပစ်သတ်ခံရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးရုပ်အလောင်း (ဓာတ်ပုံ- KIC )

 

Burma Associated Press

crash
military
PDF
Kawkareik
Kyaikdon

Share With
bap-logo