bap-logo
Data

စစ်ကိုင်းမြို့တွင် လေးရက်အတွင်း ရွာ ၇ ရွာမှ နေအိမ် ၅၀၀ ကျော်မီးရှို့ခံခဲ့ရ

aMXyTOkW0xXVcdvJnqDpJ-image

လွန်ခဲ့သော ၂ နှစ် က

 

ဧပြီ - ၂၅

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့တွင် လေးရက်အတွင်း ကျေးရွာပေါင်း ၇ ရွာရှိ နေအိမ်ပေါင်း ၅၀၀ ကျော်သည် စစ်ကောင်စီစစ်ကြောင်းထိုးမှုအတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း စစ်ကိုင်းသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

 

စစ်ကိုင်းမြို့နယ်အတွင်းသို့ ဧပြီလ ၂၀ ရက်မှ ၂၄ ရက်ထိ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းက ကျေးရွာ နေအိမ်များကို လှည့်လည်မီးရှို့နေကြောင်း၊ ယင်းကြောင့် အင်းစရွာ မှ နေအိမ် ၂၈၈ လုံး၊ တောင်ကြားရွာမှ နေအိမ် ၁၀ လုံး၊ မူးသာရွာ မှ နေအိမ် ၄၉ လုံး၊ တောင်မြို့ရွာမှ နေအိမ် ၁၆ လုံး၊ ရွာသစ်ရွာ နေအိမ် ၃၇ လုံး၊ ရွာထောင်ရွာမှ နေအိမ် ၅ လုံးနဲ့ ဒီပဲယင်းကွဲရွာမှာ နေအိမ် ၅၃ လုံး ပျက်ဆီးခဲ့ကြောင်း ဆိုထားသည်။

 

ထို့ပြင် အင်းစရွာမှ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဒီပဲယင်းကွဲရွာ ဓမ္မာရုံ ၁ လုံးလည်း မီးရှို့ခံရကြောင်း သိရသည်။

 

မနေ့ကလည်း ဒီပဲယင်းကွဲကျေးရွာ ရွာသားတစ်ဦးဖြစ်သည့် ကိုထွန်းထွန်း (၄၄ နှစ်) ဆိုသူ စစ်ကြောင်း၏ ဖမ်းဆီး ခြင်းကို ခံရပြီး ခေါင်းဖြတ်သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

 

စစ်ကောင်စီတပ်ဖွဲ့​၏ စစ်ကြောင်းက အင်းစရွာမှ ၁ ဦး၊ ရွာသစ်မှ ၁ ဦး၊ မူးသာရွာမှ ၁ ဦး အပါအဝင် ပြည်သူ ၅ ဦး ဖမ်းဆီးထားသည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။

 

Photos - စစ်ကိုင်းသတင်းမှန်ပြန်ကြားရေး

 

Burma Associated Pres

Military
Burned
Civilian
house
Sagaing

Share With
bap-logo