bap-logo
Data

ကိုဗစ်ရောဂါနှင့် မိုခါမုန်တိုင်းတို့၌ ကုလနှင့် နိုင်ငံတကာက မြန်မာကို ကူညီမှုနည်းခဲ့ဟု စစ်ခေါင်းဆောင်ပြော

ZN1Iu-RssEfEZBszZs5SG-image

လွန်ခဲ့သော ၂ နှစ် က

ကိုဗစ်ရောဂါနှင့် မိုခါမုန်တိုင်းဖြစ်ပွားချိန်တို့၌ ကုလနှင့် နိုင်ငံတကာအဖွဲ့အစည်းများက မြန်မာကို ကူညီပေးမှု နည်းပါးခဲ့ဟု စစ်ခေါင်းဆောင်ပြော

 

နေပြည်တော်၊ ဩဂုတ် ၁၆။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် မိုခါမုန်တိုင်းဖြစ်ပွားချိန်တို့တွင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက ကူညီပေးမှုနည်းပါးခဲ့သည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ပြောလာသည်။

 

ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေး မှူးနှင့် ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Under Secretary  General Mr. Martin Griffiths နှင့်တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က ထိုသို့ပြောခဲ့ခြင်းဖြစ်သည်။

 

UNOCHA ၏ နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာတွင်မူ အာဏာသိမ်းစစ်အုပ်စုသည် အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ခြင်းအပါအဝင် ဘဏ်လုပ်ငန်းကို တင်းကြပ်ထား သည့်အတွက် ရန်ပုံငွေလက်ခံ လွှဲပြောင်းရေးလုပ်ငန်းစဉ်များတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်စေရန် ပြုလုပ်ထားသည်ဟုဆိုသည်။

 

ထို့အပြင် အာဏာသိမ်းပြီးနောက် လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်းများနှင့် အကူအညီ ပေးသူများကို ဖမ်းဆီးခြင်း နှောက်ယှက်ခြင်း သို့မဟုတ်သေဆုံးသည်အထိ ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သည့်အတွက် အကူအညီပေးသူ ၁၃ ဦးမှ ၄၀ ဦးအထိ သေဆုံးခဲ့ပြီး၊ ၁၇ ဦဂမှ ၂၈ ဦးအထိ ဒဏ်ရာရရှိခဲ့ကာ ၄၁ ဦးမှ ၂၁၂ ဦးအထိ ဖမ်းဆီခံနေရသည်ဟု UNOCHA ၏ အစီရင်ခံစာကဆိုသည်။

 

Burma Associated Press

UNOCHA
covid-19
MOCHA
coup

Share With
bap-logo