bap-logo
Weather

ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် ၃ ရက်မှ ၅ ရက်ခန့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်

Y3YtO0R7UNDZZIjsjKArh-image

လွန်ခဲ့သော ၂ နှစ် က

မတ်လ ၁၁

 

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် ရက်မှ ရက်ခန့် ကြာအောင် မိုးရွာသွန်းနိုင်ကြောင်း မြန်မာနိုင်ငံ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန် ထားကြောင်း သိရသည်။

 

လာမည့်မတ်လ ၁၃ ရက်မှစကာ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ပြီး၊ ရွာသွန်းမည့်အချိန်တွင် ၃ ရက်မှ ရက် အထိ ကြာမြှင့်နိုင်မည်ဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် ရွာသွန်းမြဲထက် ပိုမိုကာ ရွာသွန်းနိုင်ကြောင်းလည်း အသိပေးထားသည်။

 

အချိန်အခါမဟုတ်မိုးပိုနိုင်သော တိုင်းနှင့်ပြည်နယ်များမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ ဖြစ်သည်။

 

ထို့အပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင်တော့ မိုးရွာသွန်းနိုင်သည့်ရက်မှာ ရက်မှ ရက်ခန့် ထစ်ချုန်းရွာသွန်းနိုင်မည်ဖြစ်ကြောင်း မိုး/ဇလ မှ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

 

" မိုးရွာနိုင်မဲ့အခြေအနေတွေကတော့ လေစီးကြောင်း၊ အပူချိန်၊ ငွေ့ရည်ဖွဲ့အမှတ်တွေ ဖြစ်ပေါ်တဲ့အပေါ် မူတည်ပြီး နေရာအလိုက် ခေတ္တမျှမိုးသည်းထန်နိုင်တာ၊ မိုးကြိုးပစ်တာနဲ့ မိုးသီးကြွေတာတွေ ရှိနိုင်ပါမယ်" ဟု ဝါရင့်မိုးလေဝသသုံးသပ်သူ ဦးဝင်းနိုင်ကဆိုထားသည်။

 

မိုးရွာသွန်းမည့်ဖြစ်စဉ်တွင် အနောက်ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းများ၏အရှိန်၊ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် အရှေ့ဘက်မှ ရွေ့လျားလာသည့် လေအေးများ တွေ့ဆုံမှုကြောင့် အချိန်ခါမဟုတ် မိုးရွာသွန်းနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

 

Photo Credit-WinNaing

 

Burma Associated Press

Myanmar
Yangon
Bago
Sagaing
irrawady
Tanintharyi
Shan
Chin

Share With
bap-logo