bap-logo
Weather

ငလျင်ကြောင့် မင်းကွန်းရှိ ခြင်္သေ့ကြီး၏ ညာလက်မောင်းရင်း ပြိုကျ

9pvPEEDK3MHfBtNXy5M8r-image

လွန်ခဲ့သော ၃ နှစ် က

စစ်ကိုင်းတိုင်း၊ မင်းကွန်းရပ်တွင် မနေ့ညက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် နာမည်ကျော် ခြင်္သေ့ရုပ်ကြီး ညာဘက် လက်မောင်းရင်းမှာ ပြိုကျသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ယနေ့နံနက် နာရီ ၁၆ မိနစ်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၁၅) မိုင် ခန့် အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း (တံတားဦးမြို့၏ အရှေ့ဘက် () မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၈၁) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၆.၀၃) ဒီဂရီ၊ အနက် (၆၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (.) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလက ထုတ်ပြန်အသိပေးထားသည်။

 

မန္တလေးမြို့နှင့် စစ်ကိုင်းမြို့အနီးမှာ လှုပ်ခတ်ခဲ့သည့် ငလျင်ကို ဒေသခံများကလည်း သိသိသာသာ ခံစားခဲ့ရသည်။

 

ငလျင်ကြောင့် မန္တလေးမြို့နေရာ တချို့တွင် ပျက်ဆီးထိခိုက်မှုများရှိခဲ့ပြီး ဘုရားစေတီတချို့လည်း ထီးတော် မြေခခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

Burma Associated Press

 

Sagaing
Earthquake
Myanmar

Share With
bap-logo