bap-logo
Politics

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း ၅ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များကို တရားစွဲမည်

Wmi67GTzCMHer76mZdtlr-image

လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာ ၂၉။

 

လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များကို ဥပဒေနှင့်အညီတရားစွဲမည်ဟု ကရင်နီ ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက သတင်း ထုတ်ပြန်သည်။

 

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်ခဲ့သည့် Non CDM ဝန်ထမ်းများနှင့် မိသားစုဝင်များကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စုံစမ်းစစ်ဆေး မှုများ စိစစ်ဆောင်ရွက်ပြီး စစ်တပ်နှင့် ပတ်သက် ဆက်နွှယ်မှုမရှိသည့် Non-CDM ၁၉၃ ဦးကို ကတိဝန်ခံလက်မှတ်ရေးထိုးကာ ကရင်နီပြည်နယ် ပြင်ပသို့ ယမန်နေ့က နယ်နှင်ဒဏ်ပေးလိုက်ပြီဖြစ်ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက ဆိုသည်။

 

စုံစမ်းစစ်ဆေးရာတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အဓိက တာဝန်ရှိ သူများဖြစ်သည့် လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များကို ကရင်နီပြည်ရဲဌာနမှ တရားလိုအဖြစ် အမှုဖွင့်တရားစွဲကာ သက်ဆိုင်ရာ တရားစီရင်ရေးဌာနသို့ လွှဲပြောင်းပြီး ဥပဒေနှင့် အညီတရားစွဲဆိုအရေးယူသွားမည်ဟုလည်း ဖော်ပြထားသည်။

 

စစ်ကောင်စီနှင့် တိုက်ရိုက်ဆက်နွှယ်ပတ်သက်နေသည့် တပ်မိသားစုဝင် ဦး ကိုမူ စစ်ဖက်ဆိုင်ရာ အက်ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရေးကိစ္စများကို ဆက်လက်ဆောင်ရွက်သွားရန် သက်ဆိုင်ရာ စစ်ခုံရုံးသို့ လွှဲပြောင်းကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

စစ်ကောင်စီနှင့် ပတ်သက်ဆက်နွှယ်မှု မရှိသည့် Non CDM များကို ပထမ အကြိမ် အမှုထမ်း ၇၀ ဦးနှင့် ၎င်းတို့၏ မိသားစုဝင် ၃၇ ဦး၊ ဒုတိယအကြိမ် အရာထမ်း ၅၉ ဦးနှင့် ၎င်းတို့၏ မိသားစုဝင် ၂၇ ဦး၊ စုစုပေါင်း ၁၉၃ ဦးကို အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရားမှန်သမျှတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရန်၊ ကျောင်း ရုံးနှင့်လည်း အဆက်အသွယ်မပြုလုပ်ရန်၊ ပြည်သူ့ဆန္ဒနှင့် အညီတစ်သားတည်း ရပ်တည်သွားရန် စသည့်တို့ ပါဝင်သည့် ကတိ ဝန်ခံချက်တွင် လက်မှတ်ရေးထိုးစေကာ ကရင်နီပြည်နယ် ပြင်ပသို့ နိုဝင်ဘာ ၂၈ ရက်‌နေ့တွင် အပြီးသတ် နယ်နှင်ဒဏ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

ပုံစာ - ပြန်လွှတ်ပေးခဲ့သည့် လွိုင်ကော်တက္ကသိုလ်မှ ဝန်ထမ်းနှင့် မိသားစုများ

 

ဓာတ်ပုံ - ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ။

 

Burma Associated Press

Loikaw
University
Karenni State Interim Executive Council

Share With
bap-logo