bap-logo
Politics

ကရင်နီစစ်ရှောင်များအတွက် သောက်သုံးရေလိုအပ်ချက် မြင့်မားနေ

u0JRblS_CxXRYADsGINqP-image

လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာ ၂၉။

 

ကရင်နီပြည်ရဲ့ စစ်ဘေးရှောင်စခန်းတွေမှာ သောက်သုံးရေလိုအပ်ချက် မြင့်တက်နေတယ်လို့ ကူညီပေးနေသူတွေ ထံကနေသိရပါတယ်။

 

ကရင်နီဒေသရဲ့ နေရာအတော်များများမှာ မိုးရာသီကလွဲရင် သောက်သုံးရေ ပြတ်လပ်လေ့ရှိပါတယ်။

 

လက်ရှိအချိန်မှာ ရေသယ်ကားတစ်စီးအတွက် ဆီဖိုးကို ကျပ် သုံးသောင်းကနေ ငါးသောင်းအထိ နေရာအလိုက် အသုံးပြုနေရတယ်လို့ ကရင်နီစစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်က ဆိုပါတယ်။

 

ဒါ့အပြင် ကရင်နီဒေသမှာ နေရာအလိုက် စက်သုံးဆီ တစ်လီတာကို ကျပ် ,၀၀၀ ကနေ ၁၀,၀၀၀ ဆန်တစ်အိတ် ကျပ် ၉၀,၀၀၀ နီးပါး ရှိနေတယ်လို့လည်း သိရပါတယ်။

 

အဲဒီလို ဈေးနှုန်းတွေမြင့်တက်နေပေမဲ့လည်း အကန့်အသတ်နဲ့သာ ဝယ်ယူနေရတယ်လို့လည်း ကူညီဆောင်ရွက် ပေးနေသူတွေ ထံကနေ သိရပါတယ်။

 

ပြည်နယ်ရဲ့ သုံးပုံနှစ်ပုံနီးပါး စစ်ဘေးရှောင်နေရတဲ့ ကရင်နီမှာ စစ်ဘေးရှောင် တွေအတွက် ဆန်၊ မိုးကာ ဆေးဝါး စတာတွေလည်း လိုအပ်လျှက်ရှိနေပါတယ်။

 

ဓာတ်ပုံ - ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကွန်ရက်

 

Burma Associated Press

refugee
Karenni

Share With
bap-logo