bap-logo
Crime

ရေခဲစက်မှ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ဓာတ် ငွေ့ဘေးသင့်သူ ၂၉ ဦးရှိ

N9KTwc7V1rgQaOVbA6GdZ-image

လွန်ခဲ့သော ၃ နှစ် က

ရန်ကုန်၊ဇန်နဝါရီ ၁၃

 

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ် ( ၁၃) ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းရှိ ရေခဲစက်ရုံမှ အမိုးနီးယား ဓာတ်ငွေ့ယိုစိတ်မှုကြောင့် ဓာတ်ငွေ့ဘေးသင့်သူ ၂၉ ဦးရှိခဲ့ပြီး ဆေးရုံများတွင် ဆေးကုသမှုခံယူ နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

 

အဆိုပါရေခဲစက်ရုံမှ အမိုးနီးယားဓာတ်ငွေ့များ ယမန်နေ့ညပိုင်းက ယိုစိမ့်ထွက်ခဲ့ပြီး အနီးအနား ပတ်ဝန်းကျင် တစ်ခုလုံးသို့ပျံနှံ့သွားခြင်းကြောင့် ရပ်ကွက်နေပြည်သူများ အသက်ရှုကြပ်ခြင်း၊ မျက်စိ စပ်နီရဲခြင်း၊ မျက်နှာနှင့် နှုတ်ခမ်းစပ်သည့် လက္ခဏာများဖြစ်ပေါ်ခဲ့ကြောင်း သက်ကြီး ရွယ်အိုများ၊ ကလေးငယ်များ ပိုမိုခံစားခဲ့ရကြောင်း သိရသည်။

 

ထို့အပြင် အမိုးနီးယားပျံ့နှံနေသည့်ပတ်ဝန်းကျင်တစ်ခုလုံးကို မီးသတ်ယာဥ်များဖြင့် ရေဖျန်းခြင်း၊ လေသန့်စက် များဖြင့် လေသန့်ခြင်းများပြုလုပ်ခဲ့ရကြောင်း သိရသည်။

 

အဆိုပါရေခဲစက်ရုံမှ အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုသည် ယမန်နေ့ ညတွင်းပိုင်း ၈ နာရီခွဲခန့်တွင် စတင် ဖြစ်ပွားခဲ့ပြီး နှစ်နာရီကျော်ကြာသည့်အထိ ဓာတ်ငွေ့ရှင်းလင်းရေးဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

 

ပုံစာ။ အမိုးနီးယားဓာတ်ငွေ့သင့်သူတစ်ဦးအား ကုသမှု ပြုနေစဉ်

ဓာတ်ပုံ။ MFSD

Burma Associated Press

 

Ammonia gas
Yangon
leak
accident

Share With
bap-logo