bap-logo
Data

စစ်တပ်လက်ချက်ကြောင့် ကျဆုံးခဲ့သူ ၃,၈၀၅ ဦးရှိပြီ

TrBTg7u8tST1uFrlz6Hjs-image

လွန်ခဲ့သော ၂ နှစ် က

ဇူလိုင် ၁၉။

 

ဒီနေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ (၇၆) နှစ်မြောက် အာဇာနည်နေ့ဖြစ်ပါတယ်။

 

(၇) နှစ်မြောက် အာဇာနည်နေ့မတိုင်မီ ယမန်နေ့ ဇူလိုင်လ ၁၈ ရက်အထိ မြန်မာ့နွေဦး တော်လှန်ရေး ကာလအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် ကျဆုံးခဲ့ရတဲ့ ရဟန်း ရှင် လူ ကျောင်းသား ပြည်သူအရေအတွက်ဟာ ၃,၈၀၅ ဦးရှိခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်းရဲ့ မှတ်တမ်းတွေအရသိရပါတယ်။

 

AAPP ရဲ့ စာရင်းတွေအရ အာဏာသိမ်းချိန်ကနေ ယမန်နှစ် ၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိ ကျဆုံးခဲ့သူပေါင်းဟာ ၂,၀၉၁ ဦးရှိခဲ့တာကြောင့် တစ်နှစ်အတွင်း သေဆုံးသူ ၁,၇၁၄ ဦး တိုးလာခဲ့တာပါ။ ဒီနေ့မှာဆိုရင် မြန်မာနိုင်ငံအနှံ့အပြားက စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေဟာ အာဇာနည်ဟာ ၉ ဦးမကဆိုတဲ့ ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

 

Burma Associated Press

Myanmar
Coup
Spring Revolution

Share With
bap-logo