bap-logo
Data

ဇူလိုင်လဝက်အတွင်း ကေအဲန်ယူ၊ တပ်မဟာ ၃ တွင် ပြည်သူ တစ်သောင်းကျော် စစ်ဘေးရှောင်နေရ

W_DsB7hnEsLNtJLkMlH5p-image

လွန်ခဲ့သော ၂ နှစ် က

ဇူလိုင် ၁၆။

ကရင်အမျိုးသားအစည်းအရုံး၊ ကေအဲန်ယူ၊ တပ်မဟာ ၃၊ ခလယ်လွီထူခရိုင်တွင် ဇူလိုင် ၁ ရက်မှ ၁၅ ရက်ထိ စစ်ဘေးရှောင်နေရသည့် ပြည်သူပေါင်း တစ်သောင်းကျော် (၁၄,၁၁၇ ဦး) ရှိသည်ဟု ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်သည်။

 

ဆောထိမြို့နယ်ရှိ ကျေးရွာပေါင်း ၁၆ ရွာမှ ပြည်သူများ တိမ်းရှောင်နေရခြင်းဖြစ်ကာ ဒဏ်ရာရရှိသူ များနှင့် အဖမ်းခံရသူများလည်းရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

မြို့ပေါ်သို့ စားနပ်ရိက္ခာအဝယ်သွားသည့် အရပ်သားများကို ဖမ်းဆီးထားပြီး ပစ္စည်းများ သိမ်းယူသွား သည့်အပြင် လမ်းသွားလမ်းလာများကို ဆန်နှင့် ဓာတ်ဆီ သယ်ဆောင်ခွင့်မပြုပဲ တွေ့ရှိပါက သိမ်းယူသွား သည်ဟု နယ်မြေခံများက သတင်းပို့ကြောင်း ကေအဲန်ယူက ဆိုသည်။

 

အာဏာသိမ်းပြီးချိန်မှ ယခုနှစ်ဝက်ထိ ကေအဲန်ယူတွင် စစ်ဘေးရှောင် စုစုပေါင်း ၆ သိန်းကျော် (၅၉၉,၄၀၀ ဦး) အထိ တိုးလာနေကြောင်း ဇူလိုင် ၉ ရက်က ထုတ်ပြန်ထားသည်။

 

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စစ်ဘေးရှောင်နေရသူပေါင်း ၁ ဒသမ ၈ သန်းကျော် ရှိသည်ဟု United Nations OCHA Myanmar က ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ- ကေအဲန်ယူ။

ပုံစာ- စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရှိခဲ့သည့် အရပ်သားတစ်ဦး။

 

Burma Associated Press

KNU
refugee

Share With
bap-logo