bap-logo
Politics

မြို့နယ်လေးခုက စစ်ကောင်စီဝန်ထမ်းများ တစ်ပတ်အတွင်းထွက်ခွာဖို့ KNU နောက်ဆုံး အကြိမ် သတိပေး

Tbp8ZS790rgbLWCxS3fND-image

လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာ ၁၇။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ အုပ်ချုပ်မှုနယ်မြေအတွင်းရှိ မြို့နယ် လေးခုက စစ်ကောင်စီ အုပ်ချုပ်ရေးဝန်ထမ်းများ တစ်ပတ်အတွင်း ထွက်ခွာဖို့ နောက်ဆုံးအကြိမ်အသိပေးသည်ဟု KNU က ဆိုသည်။

 

KNU အုပ်ချုပ်နယ်မြေအတွင်းရှိမြို့နယ်များဖြစ်သည့် ကော့ကရိတ်၊ ကျိုက်ဒုံ၊ စုကလိနှင့် ဝေါ်လေမြိုင်မြို့ရှိ စစ်ကောင်စီအုပ်ချုပ်ရေးဝန်ထမ်းများကို ယနေ့ နိုဝင်ဘာလ ၁၇ ရက်တွင် စာထုတ် အသိပေးခဲ့ခြင်းဖြစ်သည်။

 

ယခင်ကလည်း ယခုကဲ့သို့ အသိပေးစာများ အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ဖူးပြီး ယခုတစ်ကြိမ်သည် နောက်ဆုံးအကြိ မ်ဖြစ်ကာ လိုက်နာမှုမရှိပါက နောက်ဆက်တွဲပြဿနာများကို တာဝန်မယူဟု KNU ကော့ကရိတ်မြို့နယ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယခုစာကို KNU ကော့ကရိတ်မြို့နယ် အမြဲတမ်းကော်မတီများအပြင် တပ်ရင်း (၁၈) (၂၀၁) (၁၀၃) (၂၈)နှင့် တပ်မဟာလုံခြုံရေးစစ်ကြောင်းတို့က ပူးတွဲ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

Burma Associated Press

KNU
Kawkareik
SAC

Share With
bap-logo