bap-logo
Politics

လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးဖြင့် ကရင်နီပြည်နယ် ကြားကာလ လွှတ်တော်ကို ဖွဲ့စည်း

T5EN_jzpX2FZXHyN8Z2mW-image

လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာ ၁၇။

စစ်ကောင်စီနှင့် ပူးပေါင်းခြင်းမရှိသည့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးဖြင့် ကရင်နီ ပြည်နယ် ကြားကာလ လွှတ်တော်ကို ယနေ့ ဖွဲ့စည်းခဲ့သည်။

 

ယခုလွှတ်တော်သည် ကရင်နီပြည်၏ နိုင်ငံရေးအခင်းအကျင်းတွင် ဆက်လက် ပါဝင်နိုင်ရေးဖွဲ့စည်းထားသည့် ဥပဒေပြုရေးကော်မတီကို အမည်နာမ ပြောင်းလဲရန် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC ထံ အဆိုပြု တင်သွင်း ပြီး မူအရသဘောတူသည့်အတွက် ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်တွင် ကြားကာလလွှတ်တော်အဖြစ် ရပ်တည်ခဲ့သည်ဟုဆိုသည်။

 

ကနဦးဖွဲ့စည်းထားသည့် ကြားကာလလွှတ်တော်တွင် ဦးဌေးအောင်က လွှတ်တော် ဥက္ကဌဖြစ်ကာ စောအားလ်ဒိုနှင့် ခွန်းတင်နုတို့က ဒုတိယဥက္ကဌများအဖြစ် တာဝန်ယူထားသည်။

 

ကြားကာလလွှတ်တော် အနေဖြင့် ပြည်သူလူထုကို အကာအကွယ်ပြုသည့် ဥပဒေများရေးဆွဲပြဌာန်းနိုင်ရန်၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကို စောင့်ကြည့်ထိန်းညှိရန်၊ ကရင်နီပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများ ညီညွတ်ရေး ပူးပေါင်းပါဝင်ရေးဆောင်ရွက်ရန်၊ ပြည်တွင်းပြည်ပ နိုင်ငံရေးအင်းအားစုများနှင့် ချိတ်ဆက် ပူးပေါင်းရန်၊ ပြည်သူများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များဖြည့်ဆည်းပေးရန် သက်ဆိုင်ရာ အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ရန်ဟူသည့် လုပ်ငန်းစဉ်များကို ချမှတ်ထားသည်ဟုဆိုသည်။

 

ဓာတ်ပုံ - လူမှုကွန်ရက်

 

Burma Associated Press

Karenni
Interim Parliament
Politics

Share With
bap-logo