bap-logo
Data

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းအပါအဝင် လုပ်ငန်းသစ် ၁၀ ခု စစ်ကောင်စီ ခွင့်ပြု

SrVGPrrrFr2WVI1wftAmr-image

လွန်ခဲ့သော ၂ နှစ် က

ဇူလိုင် ၂၅။

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းအပါအဝင် လုပ်ငန်းသစ် ၁၀ ခုကို ယမန်နေ့ ဇူလိုင် ၂၄ ရက်က စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်က ခွင့်ပြုလိုက်သည်။

 

လျှပ်စစ်ကဏ္ဍအပါအဝင် စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍတို့မှ လုပ်ငန်းသစ် ၁၀ ခုကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါလုပ်ငန်းသစ်များ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၄၆ ဒသမ ၁၅၈ သန်းနှင့် မြန်မာ ကျပ်ငွေ ၂၅၄,၉၅၁ ဒသမ ၄၄၂ သန်း ရှိသည်ဟုလည်း ဆိုသည်။

 

စစ်ကောင်စီလက်ထက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း ၅၂ ခုအနက် ယခုနှစ် ဇွန်လကုန်ထိ စင်ကာပူ၊ တရုတ်နှင့် ထိုင်းတို့က ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်သည်ဟု သိရသည်။

 

စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှပ်နှံထားသည့် ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် ကန်ဒေါ်လာ ၂၈ ဒသမ ၂၅ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ၂၄ ဒသမ ၅၉ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် ၁၄ ဒသမ ၃၉ ရာခိုင်နှုန်းတို့ ဖြစ်သည်။

 

 Burma Associated Press

 

SAC
electricity

Share With
bap-logo