bap-logo
Data

“မမများနဲ့ပွဲကမယ်” ဘဏ္ဍာငွေ ရှာဖွေရေးအစီအစဉ်မှ ကန်ဒေါ်လာ ၁.၉၈ သန်း ရရှိ

JEtCURlt4lVtUhmboQX_n-image

လွန်ခဲ့သော ၂ နှစ် က

ဇူလိုင် ၂၀။

မမများနဲ့ပွဲကမယ်ဘဏ္ဍာငွေ ရှာဖွေရေးအစီအစဉ်မှ ကန်ဒေါ်လာ .၉၈ သန်း ရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန- MOD က ထုတ်ပြန်သည်။

 

အဆိုပါအစီအစဉ်ကို ကရင်နီ၊ စစ်ကိုင်း၊ ချင်း၊ မကွေးစသည့် အလယ်ပိုင်းဒေသတို့တွင် ပြည်သူများ၊ Fundraiser များ၊ အနုပညာရှင်များ၊ အတတ်ပညာရှင်များက ပါဝင်လှုပ်ရှားခဲ့သည်ဟု ဆိုသည်။

 

ဘဏ္ဍာငွေများအနက်မှ အမေရိကန်ဒေါ်လာ .၅၅ သန်းကို ကာကွယ်ရေး ဝန်ကြီးဌာန ကွပ်ကဲမှု လက်အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ဒေါ်လာ .၂၅ သန်းကို KNDF ဒေါ်လာ .၁၄ သန်းကို CJDC နှင့် ဒေါ်လာ .၀၄ သန်းကို အခြားသောတော်လှန်ရေးအင်အားစုများအတွက် လျာထား သုံးစွဲလျက်ရှိသည်ဟု MOD က အသိပေးသည်။

 

ပြည်သူများအနေဖြင့်မမများနဲ့ပွဲကမယ်အစီအစဉ်အပါအဝင် အခြားသော တော်လှန်ရေးဆိုင်ရာ ရန်ပုံငွေ ရှာဖွေရေး အစီအစဉ်များကိုလည်း အင်တိုက်အားတိုက် ဆက်လက် ပါဝင်ပေးကြရန် တိုက်တွန်းထားသည်။

 

ဓာတ်ပုံ- MOD

ပုံစာ- စစ်ကြောင်းထွက်လာသော မကွေးတိုင်းအတွင်းရှိ PDF ရဲဘော်များ (ပုံဟောင်း)

 

Burma Associated Press

 

NUG
MOD

Share With
bap-logo