bap-logo
Local News

မြဝတီ ကုန်သွယ်ရေးဇုံအနီးတိုက်ပွဲတွင် စစ်ကောင်စီ ၁၁ ဦးသေ၊ အမျိုးသမီး တစ်ဦးအပါအဝင် ၈ ဦး အရှင်မိ

FeXpE6IfWHG-BpP-WeW_u-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၂၆

ကရင်ပြည်နယ်၊ မြဝတီကုန်သွယ်ရေးဇုံအနီး ယမန်နေ့ မတ်လ ၂၅ ရက် က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၁ ဦးသေဆုံးကာ သုံးဦး ဒဏ်ရာခဲ့ပြီး အမျိုးသမီးတစ်ဦး အပါအဝင် စစ်သုံ့ပန်း ဦး ဖမ်းမိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

 

ထို့အတူ တော်လှန်ရေးပူးပေါင်းအဖွဲ့များက စစ်ကောင်စီထံမှ လက်နက်မျိုးစုံ ၁၇ လက်၊ ကျည်မျိုးစုံ ၆၈၅ တောင့် သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။

 

ယမန်နေ့ မတ်လ ၂၅ ရက်တွင် ကရင်ပြည်နယ်၊ ကျုံဒိုး၊ ကော့ကရိတ်၊ သင်္ကန်းညီနောင် မြန်မာ-ထိုင်း အာရှလမ်းမတလျှောက် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြေပြင်တိုက်ပွဲတွင် အထိနာသည့် စစ်ကောင်စီ သည် လေကြောင်းပစ်ကူ အသုံးပြုခြင်းနှင့် ကျေးရွာအတွင်း လက်နက်ကြီးများ ပစ်ချခြင်းများ ပြုလုပ်ခဲ့သည့် အတွက် အရပ်သား ထိခိုက်သေဆုံးမှုအချို့ရှိခဲ့သည်။

 

ယနေ့မတ်လ ၂၆ ရက်တွင်ကလည်း ကော့ကရိတ်မြို့တွင်း တိုက်ပွဲများ ဖြစ်ပေါ်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျှက် ရှိသည်။

 

ပုံစာ - စစ်ကောင်စီက ကျေးရွာအတွင်းပစ်ချခဲ့သည့် လက်နက်ကြီးကျည် အပိုင်းအစများ

Burma Associated Press

Karen
Military
conflict
KNU
PDF

Share With
bap-logo