bap-logo
Politics

ကေအဲန်ယူ၊ မူးမြို့နယ်တွင် မြေမြှပ်မိုင်းကြောင့် အရပ်သား ခြောက်ဦး ထိခိုက်ဒဏ်ရာရ

PJtM30vT6NY4Vy_3DQVfI-image

လွန်ခဲ့သော တစ်နှစ် က

ဧပြီ ၂၆။

 

ကရင်အမျိုးသားအစည်းအရုံး၊ မူးမြို့နယ်တွင် ဧပြီ ရက်မှ ၂၄ ရက်အထိ မြေမြှပ်မိုင်းကြောင့် အရပ်သား ခြောက်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ- ဗဟိုက အသိပေးထားသည်။

 

စစ်ကောင်စီဘက်က မူးမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြန်ထွက်သွားချိန်တွင် မိုင်းများ ထောင်ထားခဲ့သည်ဟု ကေအဲန်ယူက ဆိုသည်။

 

ထိခိုက်ဒဏ်ရာ ရရှိသူများသည် စစ်ဘေးရှောင် အမျိုးသားများဖြစ်ကာ နေရပ်ပြန် စားနပ်ရိက္ခာများ ပြန်သယ်ချိန်တွင် စစ်ကောင်စီ ထောင်ထားခဲ့သည့် မိုင်းများ နင်းမိခြင်းဖြစ်သည်ဟုလည်း သိရသည်။

 

လက်ရှိမြန်မာနိုင်ငံတွင် ကေအဲန်ယူကဲ့သို့ ပဋိပက္ခဖြစ်ပွားရာနေရာအားလုံးတွင် မြေမြှပ်မိုင်းနှင့် ပေါက်ကွဲ စေတတ်သည့် စစ်လက်နက်ကျန် ပစ္စည်းများ ရှိနေသည်ဟုလည်း Unicef- Myanmar က ဆိုသည်။

 

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်း မြေမြှပ်မိုင်းနှင့် စစ်လက်နက် အကြွင်းကျန် ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ စုစုပေါင်း , ၀၅၂ ဦး ရှိခဲ့သည်ဟု သိရသည်။

 

ဓာတ်ပုံ- ကေအဲန်ယူ

 

Burma Associated Press

KNU
died
landmine
civilian

Share With
bap-logo