bap-logo
Politics

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အတွက် လူသားစာနာ မှုအကူအညီ ဒေါ်လာ ၁၁၆ သန်း အမေရိကန် ထောက်ပံ့မည်

OqO9vsXLYUGgfxBwZEOFr-image

လွန်ခဲ့သော ၂ နှစ် က

အမေရိကန်နိုင်ငံသည် မြန်မာမှ ရှောင်ခွာထွက်ပြေးလာရသူ ရိုဟင်ဂျာဒုက္ခသည်များကို ထောက်ပံ့ရန် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အနီးဝန်းကျင်ဒေသများတွင် လူသားချင်းစာနာမှု အကူအညီအဖြစ် ထပ်တိုး ဒေါ်လာ ၁၁၆ သန်း ပေးအပ်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အင်္ဂါနေ့ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြပြောဆိုလိုက်သည်။

 

လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ၊ မျိုးနွယ်စုလိုက် ရှင်းလင်း သုတ်သင်မှုများမှ ရိုဟင်ဂျာ ၇၄၀,၀၀၀ ကျော် ထွက်ပြေးကြရသည့် ဩဂုတ်လ ၂၀၁၇ ခုနှစ်မှ စတင်ရေတွက်လျှင် ယခု ရန်ပုံငွေ ထောက်ပံ့မှုအပါအဝင် အမေရိကန်နိုင်ငံ၏ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် နီးစပ်သည့် ဒေသများမှ အကျပ်အတည်းအတွက် ထိခိုက်သူများကို စုစုပေါင်း ကူညီမှု ဒေါ်လာ ၂. ဘီလီယံ ရှိပြီဖြစ်သည်ဟု Blinken က ပြောကြားသည်။

 

ရန်ပုံငွေသည် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာ ဒုက္ခသည် သန်းကျော်အတွက် အသက်ဆက်လက်ရှင်သန်ရေး၊ ရိုဟင်ဂျာဒုက္ခသည်များကို လှိုက်လှိုက်လှဲလှဲ လက်ခံထားရှိသည့် ဘင်္ဂလားဒေ့ရှ်လူမှုအသိုင်းအဝိုင်းတွင် ပါဝင်သူ ၅၄၀,၀၀၀ တို့အတွက် ပေးအပ်ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကူညီထောက်ပံ့မှု များတွင် သောက်ရေသန့်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အကာအကွယ်၊ ပညာရေး၊ အမိုးအကာနှင့် စိတ်ပိုင်းဆိုင်ရာလူမှုအထောက်အပံ့တို့ ပါဝင်ကြောင်း၊ အမေရိကန်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ဒေသတွင်းမှ အခြားသော ရိုဟင်ဂျာလက်ခံထားသည့် နိုင်ငံများ၏ လှိုက်လှဲနွေးထွေးသည့် ကူညီမှုများကို အသိအမှတ်ပြုကြောင်း၊ အခြားအလှူရှင်များကိုလည်း ဘင်္ဂလားဒေ့ရှ်မှ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန် ဆောင်ရွက်မှုများအတွက် ထည့်ဝင်ကြပါရန်၊ မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများ၏ ထိခိုက်မှုခံရ၍ ရှောင်ခွာ ထွက်ပြေးလာရသူများကို ထောက်ပံ့မှု တိုးမြှင့်ကြရန်၊ ဒုက္ခသည်အကျပ်အတည်းကို ရေရှည်ခံသည့် ဖြေရှင်းရေး လုပ်ဆောင်ကြရန်တို့ကိုလည်း တိုက်တွန်းထားသည်။

 

ကိုးကား - Reuters U.S. Department of State

ပုံစာ - မတ်လ ၂၁ ရက် ၂၀၂၂ ခုနှစ် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ Holocaust အမှတ်ရဖွယ် ပြတိုက်တွင် ပြသထားသော "လူမျိုးတုန်းသတ်ဖြတ်မှုဆီသို့ သွားနေသည့် မြန်မာ့လမ်း” ကို ကြည့်ရှုပြီး မိန့်ခွန်းပြောကြားနေသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken (Photo: REUTERS/Kevin Lamarque/Pool/File Photo)

 

Burma Associated Press

 

humanitarian assistance
Myanmar
Bangladesh
American

Share With
bap-logo