bap-logo
Politics

မြန်မာကျောက်မျက်အသင်းကို NUG ဖျက်သိမ်း

LMzDiVOqCqeIT4sgMAE7R-image

လွန်ခဲ့သော ၂ နှစ် က

စက်တင်ဘာ ၁၇။

 

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း-Myanmar Gems and Jewellery Entrepreneurs Association နှင့် လက်အောက်ခံ အသင်းခွဲများကို ဖျက်သိမ်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

 

အဆိုပါအသင်း၏ တရားဝင်မှုနှင့် အခွန် သို့မဟုတ် အကျိုးအမြတ်တို့သည် စစ်ကောင်စီအပေါ် အကျိုးပြု နေသဖြင့် ကြေညာချက်များဖြင့် အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း မလိုက်နာသည့်အတွက် ဖျက်သိမ်းရခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ဖျက်သိမ်းကြောင်း ထုတ်ပြန်သည့်နေ့မှစ၍ အသင်းနှင့် အသင်းခွဲများ၏ ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာငွေ အားလုံးကို ထုတ်နုတ် သုံးစွဲခြင်းမပြုရန်လည်း တားမြစ်ထားသည်။

 

ယခုကဲ့သို့ ထုတ်ပြန်ပြီးသော်လည်း မြန်မာကျောက်မျက်အသင်းနှင့် တနည်းနည်းဖြင့် ဆက်လက် ပါဝင် ပတ်သက်မည် ဆိုပါက စစ်ကောင်စီကို ထောက်ပံ့ကူညီနေသူများအဖြစ် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အ‌ရေးယူသွားမည်ဟု သတိပေးထားသည်။

 

ပုံစာ- အာဏာသိမ်းပြီးနောက် နေပြည်တော် ကျောက်မျက်ရတနာပြပွဲတစ်ခုတွင် တွေ့ရသည့် စစ်ခေါင်းဆောင်

 

Burma Associated Press

NUG
SAC
Myanmar Gems and Jewellery Entrepreneurs Association

Share With
bap-logo