bap-logo
Politics

လေကြောင်းရန်ကြောင့် ထန်းတပင်၊ ဇရပ်ကြီးက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ

O_W9dtucejZy7ePFD-eB0-image

လွန်ခဲ့သော တစ်နှစ် က

ဖေဖော်ဝါရီ ၈။

 

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အတွင်း စစ်ကောင်စီက တိုက်လေယာဥ်နဲ့ ဗုံးကျဲနေ တာကြောင့် ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အခုလိုတိုက်ခိုက်တာကြောင့် ကလေး ဦး အပါအဝင် ပြည်သူဆယ်နဲ့ချီ သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရထားကာ ပိတ်မိနေသူတွေရှိနေသေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

"တိုက်လေယာဥ်ရော တင့်ကားတွေပါသုံးပြီးတိုက်နေတာ၊ ပြည်သူတွေဒုက္ခတွေများလိုက်တာ၊ အိုးအိမ် တွေကိုစွန်ခွာထွက်ပြေးနေရတဲ့ မိသားစုတွေဘာမှသယ်မလာကြဘူး။ သေတာတွေလဲအများကြီးပဲလို့ ဇရပ်ကြီးဒေသခံ တစ်ဦးကပြောပါတယ်။

 

လက်ရှိအချိန် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ အသက်ကြီးသူတွေရှိ နေကြပြီး၊ အမြန်ဆုံး ကယ်တင်ဖို့ ပရဟိတအသင်းတွေ ကြိုးစားနေကြတယ်လို့ မြို့ခံအချို့က အသိပေးပြောဆို ကြပါတယ်။

 

ဒီနေ့ ဖေဖော်ဝါရီ ရက် မနက် ၁၀ နာရီ အချိန်က နှစ်ဖက်တိုက်ပွဲးပြင်းထန်နေပြီး တောင်ငူမြို့ဘက်ကို ရှောင်ပြေးနေကြရတယ်လို့ သိရပါတယ်။

 

ပဲခူးတိုင်း ဇရပ်ကြီးမြို့ထဲရှိ စစ်ကောင်စီတပ်၊ နယ်မြေရဲစခန်းနဲ့နေရာအချို့ကို ဖေဖော်ဝါရီ ရက်က KNLAနဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ တာဖြစ်ပါတယ်။

 

ဓာတ်ပုံ- လူမှုကွန်ရက်

 

Burma Associated Press

military
Airattack
Bago
Htantabin
civilian
refugee

Share With
bap-logo