bap-logo
Politics

NLD နာယက သူရဦးတင်ဦး ဆေးရုံတက်နေရ

Ip4pN5Svrq-EiCAdSbvGm-image

လွန်ခဲ့သော တစ်နှစ် က

ဖေဖော်ဝါရီ ၆။

 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက သူရ ဦးတင်ဦးဟာ ဖေဖော်ဝါရီလ ရက်ကစပြီး ရန်ကုန်ဆေးရုံသစ်မှာ ဆေးကုသခံနေရတယ်လို့သိရပါတယ်။

 

ဆေးရုံတက်ရတာဟုတ်တယ်။ အပြင်လူပေးမတွေ့တော့ အခြေအနေဆက်သွယ်လို့မရသေးဘူးလို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

သူဟာ လာမယ့် မတ်လ ၁၂ ရက်မှာ အသက် ၉၇ နှစ် ပြည့်မှာဖြစ်ပါတယ်။

 

ဦးတင်ဦးဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က နေအိမ် ရေချိုးခန်းထဲ ချော်လဲခဲ့ပြီး လေဖြတ်ဝေဒနာ ခံစားနေရပြီးနောက် ဆေးရုံမကြာခဏ တက်ခဲ့ရတာတွေရှိခဲ့ပါတယ်။

 

သူရ ဦးတင်ဦးဟာ ၁၉၇၄ ခုနှစ် ကနေ ၁၉၇၆ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးရာထူးနဲ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်သလို ၁၉၈၈ ခုနှစ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို တည်ထောင်ခဲ့သူတွေထဲက တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။

 

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဒီဇင်ဘာလမှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က NLD နာယက သူရဦးတင်ဦးကို သွားတွေ့ခဲ့ပါသေးတယ်။

 

Burma Associated Press

Myanmar
NLD
U Tin Oo

Share With
bap-logo