bap-logo
Politics

စစ်ကောင်စီက မီတာခ နှစ်ဆတိုးကောက်၊ ရွှေထည် ရောင်းချ တင်သွင်းတာကနေလည်း ၃ ရာခိုင်နှုန်း အခွန်ကောက်မယ်

VkRc_t1qIRY6D-8StD6OL-image

လွန်ခဲ့သော ၁၀ လ က

ဩဂုတ် ၃၀။

 

စစ်ကောင်စီက လျှပ်စစ်ဓာတ်အားခနှုန်းထားတွေကို လာမဲ့စက်တင်ဘာ ရက်ကစပြီး တိုးမြှင့်ကောက်ခံ သွားမယ်လို့  သတင်းထုတ်ပြန်လာပါတယ်။

 

တိုးမြှင့်ကောက်ခံမဲ့ နှုန်းထားတွေက အိမ်သုံးအမျိုးအစား(နေအိမ်သုံး၊ အိမ်သုံးပါဝါ၊ တစ်လုံးတစ်ခဲ တည်း (အိမ်သုံး) စီးပွားရေးလုပ်ငန်းမပါသော ဘာသာ/သာသနာအဆောက်အအုံ) မှ ၁၅ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ မှ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ မှ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်၊ ၂၀၁ ယူနစ်နဲ့ အထက် ၃၀၀ ကျပ် ဖြစ်ပါတယ်။

 

ဒါ့အပြင် အိမ်သုံးမဟုတ်တဲ့ အမျိုးအစား(စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ တစ်လုံးတစ်ခဲတည်း၊ ယာယီသုံး၊ လမ်းမီး၊အစိုးရဌာနအဖွဲ့အစည်းတွေ၊ နိုင်ငံပိုင်စက်မှုလုပ်ငန်းတွေ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ၊ မြစ်ရေတင်လုပ်ငန်း၊ စည်ပင်သာယာရုံးဌာန/လုပ်ငန်းတွေ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းတွေ၊ နိုင်ငံခြား သံရုံးတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်း) တွေက မှ ,၀၀၀ ယူနစ်အထိ ၂၅၀ ကျပ်၊ ,၀၀၁ မှ ၂၀,၀၀၀ ယူနစ်အထိ ၄၀၀ ကျပ်၊ ၂၀၀၀၁ ယူနစ်နှင့်အထက် ၅၀၀ ကျပ် သတ်မှတ်ကောက်ခံမယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ရွှေစင်၊ ရွှေတုံး၊ ရွှေထည် လက်ဝတ်ရတနာတွေ ရောင်းချခြင်းကနေ ရောင်းရငွေနဲ့ ပြည်ပကနေ တင်သွင်းတာတွေအတွက် ကုန်သွယ်လုပ်ငန်းခွန် ()ရာခိုင်နှုန်း စစ်ကောင်စီက ကောက်ခံတော့မှာဖြစ်ပါတယ်။

 

Burma Associated Press

Electricity
SAC
Gold
Tax

Share With
bap-logo