bap-logo
Data

ကရင်နီမှာ အသတ်ခံရတဲ့ အရပ်သား ၄၅၇ ဦး ရှိပြီဖြစ်

7Mb6qnoukUlp3sSeHPgBe-image

လွန်ခဲ့သော ၂ နှစ် က

ဇန်နဝါရီ ၁။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ အသတ်ခံရတဲ့ အရပ်သား ၄၅၇ ဦး ရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု-PKPF က ထုတ်ပြန်ပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ ကရင်နီမှာ အသတ်ခံရတဲ့ အရပ်သား ၄၄၉ ဦး ရှိပြီး တစ်လအတွင်း နောက်ထပ် ဦး အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

 

ဒါ့အပြင် စစ်ရှောင်ရင်း သေဆုံးသူ ၁၄၇ ဦး ရှိပြီး မတရားဖမ်းဆီးခံရသူ ၁၅၀ ဦး ရှိတယ်လို့ ဆိုပါတယ်။

 

သုံးနှစ်နီးပါး ကာလအတွင်း ကရင်နီမှာ တိုက်ပွဲ ၉၃၆ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှု ၉၈၄ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

 

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ ,၈၄၈ ဦး ရှိပြီး KNDF/PDF/KA ဘက်က ကျဆုံးသူ ၄၃၉ ဦး ရှိခဲ့တယ်လို့ PKPF က ဆိုပါတယ်။

 

ကရင်နီမှာ ဘာသာရေးအဆောက်အဦ ၄၆ လုံး၊ နေအိမ် ,၂၈၁ လုံး၊ ဆေးရုံ၊ ဆေးခန်း ၁၄ လုံးနဲ့ စာသင်ကျောင်း ၂၂ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

Burma Associated Press

Karenni
civilian
died
KNDF
Military

Share With
bap-logo