bap-logo
Local News

ရွှေဘိုတက္ကသိုလ်ရှေ့တိုက်ပွဲတွင် စစ်အုပ်စု ခြောက်ဦးသေ၊ PDF နှစ်ဦးကျဆုံး

KitwE0ZGG3Gvek5TlGFyG-image

လွန်ခဲ့သော ၂ နှစ် က

ဧပြီ

စစ်ကိုင်းတိုင်း၊ ရွှေဘိုတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်အုပ်စုနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်အုပ်စုက ခြောက်ဦးသေဆုံးပြီး PDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း ပြည်သူ့ တော်လှန်ရေးတပ်ဦး(PRF) ထံမှသိရသည်။

 

ယမန်နေ့ ဧပြီလ ရက် ညနေပိုင်းတွင် စစ်ကိုင်းတိုင်းရွှေဘိုတက္ကသိုလ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ တော်လှန်ရေးတပ်ဦး-PRFအပါအဝင် ShweBo Dhuwun (PLA)Burma Ranger(Shwe Bo)X-Force LPDF ShweBo ရွှေတောသားပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် ပြည်သူ့တော် လှန်ရေးတပ်ဦး(PRF)မှ ရဲဘော်ဝသာန်နှင့်အတူ မဟာမိတ်တပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။

 

ကျဆုံးသွားသည့် ရဲဘော်ဝဿန်သည် ၂၀၂၁ စက်တင်ဘာ ရက်မှစတင်ကာ ပခုက္ကူမြို့နယ်၊ အခြေခံပညာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်းကျဆုံးသွားသည့် ရဲဘော်ဝဿန်သည် ၂၀၂၁ စက်တင်ဘာ ရက်မှစတင်ကာ ပခုက္ကူမြို့နယ်၊ အခြေခံပညာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ပြည်သူ့တော်လှန် ရေးတပ်ဦး(PRF) စစ်သင်တန်းအပတ်စဉ်()တွင် သင်တန်းရယူခဲ့သူ ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ရဲဘော်ဝဿန်သည် ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF ပခုက္ကူ လှုပ်ရှားစစ်ဒေသ၊ ဝက်လက် လှုပ်ရှား စစ်ဒေသများတွင် တစ်နှစ်ခွဲခန့်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

 

https://static.xx.fbcdn.net/rsrc.php/v3/yC/r/a6OjkIIE-R0.png

ဓာတ်ပုံ- ပြည်သူ့ တော်လှန်ရေး တပ်ဦး(PRF)

Burma Associated Press

 

Sagaing
PDF
student

Share With
bap-logo