bap-logo
Politics

လွိုင်ကော် တက္ကသိုလ်တွင် ဖြေဆိုမည့် အဝေးသင်စာမေးပွဲများ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

ElM6-SsI1_FVbO8ZKhC86-image

လွန်ခဲ့သော ၂ နှစ် က

ကရင်နီ၊ နိုဝင်ဘာ ၁၄။

 

ကရင်နီ (ကယား) ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် လွိုင်ကော် တက္ကသိုလ်တွင် ဖြေဆိုမည့် အဝေးသင် တတိယ အသုတ်စာမေးပွဲများကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း စစ်​ကောင်စီက ဆိုသည်။

 

လက်ရှိတွင် ကရင်နီ Operation 1111 ဖြင့် လွိုင်ကော် မြို့အပါအဝင် ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆိုမြို့များတွင် တော်လှန်ရေး အင်းအာစုများက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီ တပ်စခန်း ၇ ခုထက်မနည်းနှင့် လက်နက်ခဲယမ်း အများအပြားကို တိုက်ခိုက်သိမ်းပိုက် ထားသည်။

 

မြို့သိမ်းတိုက်ပွဲများသည် ပျက်စီးနစ်နာမှုများနိုင်သော်လည်း အာဏာရှင်စနစ် အမြစ်တွယ်မည်ကို ပိုကြောက် သည့် အတွက် စစ်ဆင်ရေးလုပ်ဆောင်ရ ဟု KNDF ဥက္ကဌ ခွန်းဘီထူးက ယမန်​နေ့က ပြောသည်။

 

"လက်ရှိအခြေအနေမှာ တစ်နိုင်ငံလုံးက ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲများ ဆင်နွှဲတိုက်ခိုက် နေကြပါတယ်။ ကရင်နီပြည်မှာ အာဏာရှင် ဖြုတ်ချရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် တည်ဆောက်ရေး ဖော်ဆောင်နိုင်ဖို့ဆိုရင် လွိုင်ကော်မြို့က စစ်ကောင်စီအုပ်ချုပ်ရေးကို ဖြိုချရပါမယ်” ဟု ခွန်းဘီးထူး ကဆိုသည်။

 

ပြည်သူပြည်သားများအနေနှင့် ဘေးကင်းလွတ်ရာနေရာများသို့ ယာယီရွှေ့ နေပေးကြရန်လည်း ၎င်းက KNDF စာမျက်နှာမှတဆင့် တောင်းဆိုထားသည်။

 

ကျွန်တော်တို့ များမကြာမီမှာ လွတ်လပ်ပွင့်လင်းပြီး စည်ကားတိုးတတ်သော လွိုင်ကော်မြို့အဖြစ် ပြန်လည်အသက်သွင်းကြရအောင်လို့ တိုက်တွန်းပြော ကြားလိုပါတယ်" ဟုလည်းပြောထားသည်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကြရန် KNDF က သတင်းထုတ် ပြန်ထားပြီး ပြန်လည်ခုခံတိုက်ခိုက်မည်ဆိုပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ဓါတ်ပုံ - လူမှူကွန်ရက်

Burma Associated Press

 

Loikaw
KNDF
University

Share With
bap-logo