bap-logo
Politics

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ရွေးကောက်ပွဲ ဝင်ရောက်မည်မဟုတ်၊ ဒုသမ္မတ ကမ်မလာ ဟဲရစ်ကို ထောက်ခံအားပေး

JhaNCA2lW1_1NM0mwGckv-image

လွန်ခဲ့သော တစ်နှစ် က

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ၎င်း၏ သမ္မတရွေးကောက်ပွဲပြိုင်ဆိုင်မှုများကို အဆုံးသတ်လိုက်ပြီး ဒုသမ္မတ ကမ်မလာ ဟဲရစ်ကို ရွေးချယ်အားပေးရန် ထောက်ခံလိုက်သည်။ ၎င်း၏ သမ္မတသက်တမ်းကုန်ဆုံးသည်အထိ တာဝန်ထမ်းဆောင်သွားမည်ဖြစ်ပြီး ယခုအပတ်အတွင်း နိုင်ငံကို မိန့်ခွန်းပြောကြားသွားမည်ဖြစ်သည်ဟု ဆိုသည်။

 

သမ္မတသည် ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ဒဲလာဝဲရှိ နေအိမ်တွင် ပြန်လည်အားယူကုသနေဆဲဖြစ်သည်။ ၎င်း၏ ရွေးကောက်ပွဲမှ နှုတ်ထွက်ရန် ဆုံးဖြတ်ချက်မှာ ကျန်းမာရေးပြဿနာနှင့် တစုံတရာ ဆက်နွယ်ခြင်းမရှိဟု အိမ်ဖြူတော်အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

 

ဂျွန်လ ၂၇ ရက်နေ့က ဒေါ်နယ်ထရန့်နှင့် CNN စကားရည်လုပွဲတွင် ၎င်း၏ ဒယိမ်းဒယိုင် ပြောဆိုလှုပ်ရှားပုံများကြောင့် ၎င်း၏ကျန်းမာကြံ့ခိုင်မှုကို သက်သေပြရန် ကြိုးပမ်းခဲ့သော်လည်း သမ္မတရွေးကောက်ပွဲမှ နှုတ်ထွက်ရန် တောင်းဆိုသည့် ဒီမိုကရက်များ များပြားလာခဲ့သည်။

 

ဒီမိုကရက်တစ်ပါတီသည် သမ္မတလောင်း အသစ်တစ်ယောက် ရွေးချယ်ရမည်ဖြစ်သည်။ ဩဂုတ်လအစောပိုင်းတွင် ကျင်းပရန် စီစဉ်ထားသော ဒီမိုကရက် အမျိုးသား ညီလာခံသို့ တက်ရောက်သူ ၄၇၀၀ ခန့်မှ ဆုံးဖြတ်ပေးမည်ဖြစ်သည်။ သို့မဟုတ်ပါက ချီကာဂိုတွင် ဩဂုတ် ၁၉ ရက်နေ့၌ ကျင်းပမည့် ညီလာခံတွင် အရည်အချင်း ကိုက်ညီသည့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်သွားမည်ဖြစ်သည်။

 

ဒုသမ္မတ ဟဲရစ်က သူမအနေဖြင့် "ဂုဏ်ယူဝမ်းမြောက်ကြောင်း သမ္မတလောင်း အမည်တင်သွင်းမှုကို "ရရှိပြီး အနိုင်ရရန်" ရည်ရွယ်ထားကြောင်းပြောသည်။ သူမက ဒီမိုကရက်တစ်ပါတီကို ညီညွတ်ရန် လုပ်ဆောင်သွားမည်ဟု ကတိပြုလိုက်ပြီး ဘိုင်ဒန်နှင့် အတူ တာဝန်ထမ်းဆောင်ခဲ့ရသည့်ကာလများအတွက် ကျေးဇူးတင်ကြောင်းပြောသည်။

 

ထရန့်၏ မဟာမိတ်များက ဟဲရစ်ကို ပစ်မှတ်ထားသည့် အတိုက်အခိုက်ကြော်ငြာများ စတင်လုပ်ဆောင်နေကြပြီဖြစ်သည်။

 

ဟဲရစ် ကိုယ်စားလှယ်လောင်းဖြစ်လာစေရန် သူမ၏နောက်ကြောင်းရာဇဝင်ဖြစ်သော ခရိုင်ရှေ့နေ၊ ရှေ့နေချုပ်၊ အထက်လွှတ်တော်ကြားနာမှုများမှ ပြန်လှန်စစ်မေးသူတို့အနေဖြင့် ဖြတ်သန်းမှုများအပေါ်တွင် ကြီးမားစွာ အားထားရလိမ့်မည်ဟု အကြံပေးနှင့် အနီးကပ်မဟာမိတ် ဒါဇင်ပေါင်းများစွာက CNN ကို ပြောသည်။

 

ကိုးကား - CNN

ပုံစာ - ဂျူလိုင်လ ၂၁ ရက် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် သမ္မတရွေးကောက်ပွဲမှ နှုတ်ထွက်ကြောင်း ကြေငြာအပြီး အိမ်ဖြူတော်အပြင်ဘက်တွင် ကလေးသူငယ်များက နှုတ်ဆက်စာသားများကိုင်ဆောင်ထားကြစဉ်။ (Mostafa Bassim/Anadolu/Getty Images)

 

Burma Associated Press

American
Election
Democratic Party
Kamala Harris
Joe Baiden

Share With
bap-logo