bap-logo
Data

လေးလအတွင်း ဘက်ပြောင်းလာသည့် ရဲနှင့် စစ်သား ၅၀၀ နီးပါးရှိဟု NUG ဆို

J021jzd7J34r1mAKrAfuU-image

လွန်ခဲ့သော ၂ နှစ် က

ဩဂုတ် ၂၄။

တော်လှန်ရေးတပ်ဖွဲ့များထံ ဘက်ပြောင်းလာသည့် စစ်ကောင်စီ တပ်သားနှင့် ရဲ အရေအတွက်မှာ ဧပြီလမှ ဇူလိုင်လအထိ အတွင်း ၅၀၀ နီးပါးရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ၂၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောသည်။

 

ယခု ဩဂုတ်လအတွင်း စစ်ကောင်စီလက်အောက်တွင် တာဝန် မထမ်း ဆောင်လိုတော့၍ ထွက်ပြေးလာသည့် ရဲနှင့် စစ်သား ၅၀ ကျော်ရှိနေသည်ဟု သိရသည်။

 

ဧပြီလကနေ ဇူလိုင်လအထိ အတွင်းမှာဆိုရင် စာရင်းအရ ဒုရင်းမှူးအဆင့် ဗိုလ်မှူး တစ်ဦးအပါအဝင် ခန့်မှန်း ၅၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။ ဒါဟာ ကျွန်တော်တို့ကို ချိတ်ဆက်လာတဲ့ အရေအတွက်ပဲ ဖြစ်ပြီး မချိတ်လာကြသေးတာလည်း ရှိနေနိုင်တာ ဖြစ်ပါတယ် ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

 

ပိုမိုအရှိန်မြင့်လာသည့် တော်လှန်ရေး၏ အရှိန်အဟုန်နှင့်အတူ စစ်ကောင်စီ သည် Non-CDM ဝန်ထမ်းများကို စစ်တပ်၏ အရန်အင်အားအဖြစ် ဖွဲ့စည်းရန် ညွှန်ကြားနေရသည်အထိ ဘက်ပေါင်းစုံက ပြိုလဲနေပြီဟုလည်း ပြောထားသည်။

 

ယခုတစ်ပတ် ဩဂုတ် ၁၄ ရက်မှ ၂၃ ရက်အတွင်း KNLA - ပူးပေါင်းတပ်ဖွဲ့ထံ လက်နက်နှင့်တကွ ပူးပေါင်းလာသည့် ကရင် BGF တစ်ဦး၊ စစ်ကောင်စီ ဒုတပ်ကြပ် တစ်ဦးနှင့် တပ်သားတစ်ဦးတို့ကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောက ဘတ်ငွေ ၅၀,၀၀၀ စီ ချီးမြှင့်ခဲ့သေးသည်။

 

ပုံစာ - KNLA - ပူးပေါင်းတပ်ဖွဲ့ထံသို့ လက်နက်ခဲယမ်း နှင့်အတူ လာရောက် ပူးပေါင်းသော BGF တပ်သားနှင့် KNLA - ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေး မှူး ဗိုလ်ဒါဘော။ (KNU - ဗဟို)

 

Burma Associated Press

troops
CDM
SAC

Share With
bap-logo